ရှမ်းမြောက် မူဆယ်မြို့နယ်တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲ ဖြစ်

0
444
မုန်းကိုးမြို့ပြင် လမ်းဘေး မိုင်းရှင်းနေတဲ့ မြန်မာအစိုးရ စစ်သားများ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ်အွမ် ကျေးရွာ အနီး မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် မြန်မာအစိုးရတပ် တို့ သြဂုတ် (၂၉) ယမန်နေ့ တိုက်ပွဲကြောင့် ဒေသခံများ တောင်ယာ လုပ်ကိုင်ရန် စိုးရိမ်မှုများ ရှိနေကြပါသည်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာ Bum Pri Bum နယ်မြေသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၉) နယ်မြေ ဖြစ်ပြီး Northern Alliance-Burma တိုင်းရင်းသား တော်လှန်ရေး တပ်ပေါင်းစု တပ်ဖွဲ့များ ရှိရာသို့ အစိုးရတပ် စစ်ကြောင်းများ ဝင်ရောက်လာကြောင့် တိုက်ပွဲ ဖြစ်ပွားရသည်ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“တိုက်ပွဲ ဖြစ်တာတော့ မကြာဘူး။ မနေ့က မနက်ပိုင်း ၈ နာရီလောက်မှာ ၁ကြိမ်၊ မွန်းလွဲပိုင်း ၃ နာရီ လောက်မှာ ၁ ကြိမ် ပြန်တိုက်ကြတယ်။ မြန်မာအစိုးရတပ် ဖက် က လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်။”

ယနေ့ တိုက်ပွဲ မကြားရသော်လည်း ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူများ တောင်ယာ လုပ်ကိုင်ရန် စိုးရိမ်နေကြပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here