ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့်ရန် လူငယ်များ သင်တန်း ပြုလုပ်

0
206

လာမည့် နိုဝင်ဘာလ (၃)ရက်နေ့ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာနိုင်ရန် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး သင်တန်းကို မြစ်ကြီးနား Kachin Youth Center တွင်ပြုလုပ်ခဲ့သည်။

မြစ်ကြီးနား အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်ရန်ရည်ရွယ်ပြီး သင်တန်းကို ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ (AKYU) မှ သြဂုတ် ၁၇-၁၈ ရက်နေ့ စီစဉ် ပြုလုပ်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု၊ တရားမျှတမှု ဘက်လိုက်မှုမရှိဘဲ ကြားနယ်ခံအဖြစ် ရက်တိုင်းမှာ လေ့လာစောင့်ကြည့်ပြီး ပိုမိုသိရှိရန်နှင့် အနာဂတ်မှာ ပိုကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည် ဟု New Myanmar Foundation မှ သင်တန်းဆရာ ကိုကျော်ဇင်မှ ပြောပါသည်။

နှစ်ရက် သင်တန်းကို မြစ်ကြီးနားမြို့မှ လူငယ် (၂၀)ခန့် ပါဝင်ခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here