‘Kachin State Party’ မှတ်ပုံတင်ရန် ဦးဆောင်ကော်မတီ ဖွဲ့စည်း

0
237

သြဂုတ် ၁၈၊ ၂၀၁၈ KSP မှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ဦးဆောင်ကော်မတီ ဖွဲ့စည်း၊ မဒီရာဟိုတယ်၊ မြစ်ကြီးနား ပါတီ မှတ်ပုံတင်ခြင်း စတင်လုပ်ဆောင်နိုင်ရန် ကချင်ပေါင်းစည်းပါတီသစ် ‘Kachin State Party’ ၏ Ningshawng Komiti ခေါ် ဦးဆောင်ကော်မတီကို သြဂုတ်လ (၁၈)ရက်နေ့ မြစ်ကြီးနား မဒီရာဟိုတယ် တွင် ပြုလုပ်သော လေးပါတီ အစည်းဝေးတွင် ဖွဲ့စည်းလိုက်သည်။

ပါတီ ၁ ခုမှ ၅ ယောက်စီ၊ ပါတီပြင်ပမှ ၅ ယောက် စုစုပေါင်း (၂၅)ဦးဖြင့် ဦးဆောင်ကော်မတီ ကို ဖွဲ့စည်းခဲ့ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီ KSDP ခေါင်းဆောင် ဒေါက်တာ တူးဂျာ ပြောသည်။ ထို့အပြင် ပါတီ ရံပုံငွေရှာဖွေရေး ဆပ်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်ဟု သူ ဆက်ဆိုသည်။

သို့သော်လည်း KSP ကို အဓိက မူ ပိုင်းဆိုင်ရ အရ အကြံပြု ထိန်းကျောင်းခြင်းကို သြဂုတ်လ (၁၁)ရက်နေ့ ကချင်ပါတီများပေါင်းစည်းရေး ဆွေးနွေးပွဲတွင် ဖွဲ့စည်းလိုက်သော လူ (၂၇)ဦးပါ အလုပ်အမှုဆောင်ကော်မတီ မှ ပြုလုပ်မည်ဖြစ်သည်။ ၎င်း အလုပ်အမှုဆောင် ကော်မတီကို ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) မှ ဖွဲ့စည်းပေးသော လူထု ကိုယ်စားလှယ် (၁၇)ဦး ကော်မတီ တွင် နောက်ထပ် ကျွမ်းကျင်သူ (၁၀)ဦး ပေါင်းထည့်ပြီး ဖွဲ့စည်းခြင်းဖြစ်သည်။

ကချင်ပေါင်းစည်းပါတီတွင် လက်ရှိ ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP၊ ကချင်အမျိုးသားကွန်ကရက်ပါတီ KNC နှင့် ကချင်ပြည်နယ် စည်းလုံးညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ UDPKS တို့ ပါဝင်သည်။

မကြာမီ Kachin State Party (KSP) တရားဝင် ပါတီလာချိန် အဆိုပါ လေးပါတီကို ဖျက်သိမ်းရန် ပါတီများ သဘောတူထားပြီး ဖြစ်ပါသည်။

ကချင်ပြည်နယ်ရှိ ကချင် (Kachin) နှင့် အခြားတိုင်းရင်းသားများ (Non-Kachin) အားလုံးကို ကိုယ်စားပြုသော ပါတီကြီး ဖြစ်လာရန် ရည်ရွယ်ချက်ဖြင့် Kachin State Party ကို ဖွဲ့စည်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here