ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ရေး ကြွေးကြော်ခဲ့သော်လည်း ယနေ့အချိန်အထိ မလုပ်ဆောင်နိုင်သေးကြောင်း ကချင်းဝန်ကြီးချုပ် ဝန်ခံ

0
284

၂၁ ဇူလိုင် ၂၀၂၀

ငြိမ်းချမ်းရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အပြန်အလှန်အကျိုး သက်ရောက်နေသည့်အတွက် ငြိမ်းချမ်းရေး ရရှိမှသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း လုပ်ဆောင်လာနိုင်မည်ဟု ကချင်ပြည်နယ် ၀န်ကြီးချုပ်က ပြောသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ ခက်အောင်က “ငြိမ်းချမ်းရေးရပြီဆိုတာနဲ့ ၂၀၀၈ ပြင်ဖို့၊ ၂၀၀၈ အ ခြေခံ ဥပဒေပြင်ဖို့ ဆိုတာကလည်း ကျနော်တို့ ကြွေး ကြော်ခဲ့တယ်။ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်မှသာ လျှင် ကျနော်တို့ ယနေ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တစ်နိုင်ငံလုံး လိုချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ကျနော်တို့ ထူထောင်နိုင်မှာ ဖြစ်တယ်။ ဆိုတော့ ဒီ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ငြိမ်းချမ်းရေး ဆိုတာကလည်း အပြန်အလှန်အကျိုး သက်ရောက်တယ်လို့ ကျနော်အနေနဲ့ ဒီလိုမြင်တယ်” ဟုပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့ တွင် ပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများမှ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် NLD အစိုးရ၏ လုပ်ဆောင်ချက်အား မေးမြန်း ရာတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

NLD အစိုးရ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကတိက၀တ်ဖြစ်သည့် ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင် ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ကြွေးကြော်ခဲ့သော်လည်း ယခုအချိန်အထိ လုပ် ဆောင်နိုင်ခြင်း မရှိသေးသည့်အတွက် ၎င်း အနေဖြင့် အားရကျေနပ်မှု မရှိသေးကြောင်း ဒေါက်တာ ခက်အောင် က ပြောသည်။

တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေး ရရန်အတွက် တပ်မတော် အပါအ၀င် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံး နိုင်ငံချစ်စိတ်ကို အရင်းခံ၍ ဆွေးနွေးညှိနှိုင်းမှသာ ငြိမ်းချမ်းရး ရရှိမည်ဟု ကချင်ပြည် နယ် ၀န်ကြီး ချုပ်က ဆိုသည်။

ဒေါက်တာ ခက်အောင်က “နိုင်ငံကို တကယ် ချစ်တယ်၊ ဒီနိုင်ငံကြီးကို တကယ် တိုးတက် ချင်တယ်၊ နိုင်ငံသူ နိုင်ငံသားများကို ကြီးပွားတိုးတက် ချမ်းသာစေချင်တဲ့ဟာကို အရင်းခံပြီးတော့ ငြိမ်းချမ်း ရေးကို ဆွေးနွေး မယ်ဆိုရင် မဖြစ်လာစရာ အကြောင်းမရှိပါဘူးနော်” ဟု ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်ရှိအချိန်တွင် NLD အစိုးရ အနေဖြင့် ဦးဆောင်လုပ်ဆောင်နေသော် လည်း ပဋိပက္ခထဲတွင် ပါ၀င်နေသည့် တပ်မတော် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ဆွေးနွေးချက် သဘောထားများက ပို၍ အရေးကြီးသည့်အတွက် ၎င်းတို့ အနေဖြင့် သဘောထား ကြီးရန်လိုသည်ဟု ကချင်ပြည်နယ် ၀န်ကြီးချုပ်က ထပ်လောင်းပြောဆိုသည်။

“ကျနော်တို့ ဦးဆောင်ပြီးတော့မှ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကျနော်တို့ လုပ်ပါတယ်။ အဓိကက သူတို့ ဒီနေရာမှာ သူတို့က တစ်ဖက်နဲ့ တစ်ဖက်တောင်းဆိုတဲ့ဟာကို ညှိနှိုင်းရမယ် လျော့ရမယ် လျော့ပြီးတော့ သဘောတူညီချက်တစ်ခုရမယ်။ အားလုံးလိုချင်တာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု၊ ဒီတော့ အဓိက ငြိမ်းချမ်းရေး မရတာက အဓိက Major Organization တွေဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေ အဓိက သဘောတူဖို့လိုတယ်။ သဘောတူဖို့ဆိုတာက နိုင်ငံချစ်စိတ် နိုင်ငံသူနိုင်ငံ သားတွေကို ကြီးပွားစေချင်တဲ့စိတ်ကို အရင်းခံပြီးမှ ဆွေးနွေးမှသာ ရမယ်လို့ ကျနော် အနေနဲ့ ဒီလိုပဲ ဖြေကြားလိုပါတယ်”။

ဇူလိုင်လ ၁၇ ရက်နေ့က ပြုလုပ်သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် က ပြည်နယ် အစိုးရ၏ ၄ နှစ်တာ ကာလအတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး ပြဿနာနှင့် နယ်စပ်ကုန်သွယ်ရေး အခြေအနေ အစရှိသည့် အကြောင်းအရာများကို ရှင်းလင်းပြောဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့်အတူ သက်ဆိုင်ရာ ဌာန အသီးသီးမှ ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊သတင်းမီဒီယာ သမားများ စုစုပေါင်း လူဦးရေ တစ်ရာ ကျော် တက်ရောက်ခဲ့ကြသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here