Jade Land ကုမ္ပဏီမှ ကျူးကျော် ခြံခတ် လာခြင်းကို ဒေသခံများ မလိုလား

0
206

ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမပေါ် Wa Ra Zup ကျေးရွာ နယ်မြေအတွင်း ရွာသားများ လုပ်ကိုင်စားသော မြေယာအတွင်းကို Jade Land ကုမ္ပဏီမှ ကျူးကျော် ခြံခတ်လာခြင်းကို အလိုမရှိကြောင်း ရွာသားများ ပြောဆိုနေကြသည်။

Wa Ra Zup ကျေးရွာ ၂ မိုင်အတွင်း ဒေသခံများ တောင်ယာစိုက်ပျိုးထားသော နေရာကို Jade Land ကုမ္ပဏီမှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ‘အထက်အမိန့်’ ဟု ဆိုကာ ဇူလိုင် (၁၄)ရက်နေ့မှ စတင်ပြီး ခြံခတ်လာကြောင်း ဒေသခံ တစ်ဦး က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပြလာပါသည်။

“ထုံးတမ်းဓလေ့မြေယာဥပဒေကိုပဲ သုံးသုံး၊ အခုအစိုးရရဲ့ ဥပဒေကိုပဲ ကိုင်ကိုင် ကျနော်တို့ရွာရဲ့ ၂ မိုင်ပတ်လည်ကို မသိမ်းယူစေချင်ပါဘူး။ လုပ်ချင်ရင်တော့ သတ်မှတ်ဧရိယာ အပြင်ဘက်ကို ကြိုက်သလို လုပ်စားပါလို့ပြောချင်တယ်။”

ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်နေသော ဟူးကောင်း ဌာနေ ရွာသားများ၏ မြေယာထဲ ၂၀၀၀ ပြည့်နှစ် ဝန်းကျင် ယခင် စစ်အစိုးရလက်ထက် တွင် မြေဧက ၁ ထောင်ကျော်ကို Jade Land ကုမ္ပဏီမှ လုပ်ကိုင်ခဲ့သည်ဟု ဒေသခံများ ပြောပြပါသည်။

သို့သော်လည်း ကုမ္ပဏီမှ လုပ်ကိုင်ခြင်း မပြုဘဲ ၁၀ နှစ်ကျော် ထားခဲ့ပြီး ထိုမြေနေရာတွင် Wa Ra Zup ကျေးရွာသားများက ယခုနှစ်မှစတင်ပြီး စတင်ရှင်းလင်း စိုက်ပျိုးခဲ့ရာမှာ ယခုလို ပြဿနာ ဖြစ်လာရခြင်း ဖြစ်သည်ဟု ပြောပြပါသည်။

ယခု ဖြစ်စဉ်တွင် ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် Jade Land Company တာဝန်ရှိသူများ ဆွေးနွေးရန် ကြိုးစားနေပြီး ခြံခတ်နေမှုကိုလည်း ရပ်တန့်ထားစေလိုကြောင်း ပြောပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here