ခွင့်ပြုချက်မရှိဘဲ တပ်ဖွဲ့ဝင် အမှတ်တံဆိပ်များ သုံးစွဲခြင်းမပြုရန် KNU/KNLA-PC ဗဟို ထုတ်ပြန်

0
478

၂၈ မေ ၂၀၂၀

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)-KNU/KNLA-PC တပ်ဖွဲ့ဝင်အမှတ်တံဆိပ်များကို ဗဟိုခွင့်ပြုချက်မရဘဲ တပ်ဆင်သုံးစွဲခြင်း မပြုရန် မေလ ၂၇ရက်နေ့က စာထုတ်ပြန် တားမြစ်လိုက်သည်။

မလိုလားအပ်သော ကိစ္စရပ်များမဖြစ်ပေါ်စေရန် အဖွဲ့အစည်း၏ Logo ၊ Sticker၊ လက်မောင်းတံဆိပ်၊ ဦးထုပ် တံဆိပ် နှင့် လည်စည်းပုဝါများ စသည့် အမှတ်အသားများထုတ်လုပ်ခြင်း၊ ရိုက်နှိပ်ပေးခြင်း၊ တပ်ဆင်ပေးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း တို့ကို ဗဟို၏ ထောက်ခံခွင့်ပြုချက်မရှိဘဲ မပြုလုပ်ကြရန် တားမြစ်စာထုတ်ပြလိုက်ခြင်းဖြစ် သည်။

KNU/KNLA-PCမှ ဗိုလ်ကြီး စောကျော်ညွန့် က ” ဒီကိစ္စက အရင်ကတည်းက ညွန်ကြားထားပြီးသားပါ။ တကယ့်အဖွဲ့အစည်း ခေါင်းဆောင်တွေ မဟုတ်ရင် ဒါတွေ ကို အသုံးမပြုဖို့အရင်နှစ်တွေက ညွန်ကြားထားပြီးပြီး။ ဒါပေမဲ့ တချို့အောက်ခြေခေါင်းဆောင်တွေနဲ့ ခေါင်း ဆောင်တွေမဟုတ်တဲ့ စီးပွားရေး လုပ်စားတဲ့သူတွေက အလွဲသုံးစားလုပ်တာတွေ ရှိကြတယ်။ ဒါကြောင့် ဒီကိစ္စ တွေ ပပျောက်ဖို့အတွက် စာထုတ်လိုက်တာပါပဲ” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ အဖွဲ့အစည်း အမည်ခံ အမှတ်တံဆိပ် ရာထူးရာခံ အတုအယောင်များဖြင့် ကုန်သည်၊ပွဲစား၊ဒေသတွင်း ကားသမား များမှ အလွဲသုံးစွဲ ပြုလုပ်ကြသလို အဖွဲ့အစည်းနောက်ခံ အကြောင်းပြ၍ ခြိမ်းခြောက် ဟိတ်ဟန့် ပြုလုပ်မှုများရှိကြောင်းလည်း ဗိုလ်ကြီး စောကျော်ညွန့်က ဆက်ပြောသည်။

ထိုသို့ အလွဲသုံးစား ပြုလုပ်မှုများ ရှိပါက KNU/KNLA-PC မှ ဖွဲ့စည်းထားသည့် စစ်စည်းကမ်းထိန်းသိမ်းရေးဌာန မှစုံစမ်း ဖော်ထုတ်မှုပြု၍ မည့်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို တရားဥပဒေနှင့် အညီ အရေးယူမှု ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ ငြိမ်းချမ်းရေး ကောင်စီ၏ ကဆိုသည်။

အလားတူ ပြီးခဲ့သည့် မေလ (၂၁)ရက်နေ့က မြဝတီမြို့ပေါ်နှင့် ကော့ကရိတ်-ဖားအံသို့ သွား လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသည့် လက်နက်ကိုင် အမှတ်တံဆိပ်ပါ စာတန်းများ၊ နံပါတ် ပြားများ တပ်ဆင်ထားသော ယာဉ်များကို တပ်မတော်အပါအဝင် နယ်ခြားစောင့်တပ်(BGF)နှင့် အခြားကရင်လက်နက်ကိုင်တပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲများပါဝင်သည့် ယာဉ်စစ်ဆေးရေး ပူးပေါင်းအဖွဲ့မှ တားဆီး သတိပေး ဖြုတ်သိမ်းမှုများပြုလုပ်ခဲ့ သည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here