ကျောက်ထုအမြောက်တပ်က ထွက်ပြေးသွားတဲ့ စစ်သားမိသားစုဝင်တွေကို မရှာပေးရင် ရွာတွေ မီးရှို့မယ်လို့ ခြိမ်းခြောက်ခံနေရ

0
172

၁၅ နိုဝင်ဘာ ၂၀၂၂

မကွေးတိုင်း ကျောက်ထုမြို့မှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်က ထွက်ပြေးသွားတဲ့ စစ်သားတွေရဲ့သား (၄) ဦးကို ဒေသခံတွေမရှာပေးရင် ရွာတွေကို မီးရှို့မယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက် နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၂) ရက်နေ့က သူတို့ (၄) ဦးဟာ တပ်တွင်းမနေလိုတော့တဲ့အတွက် ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ဘယ်ကိုရောက်နေတယ်ဆိုတာ တိတိကျကျမသိရဘူးလို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကျောက်ထုမြို့နယ် လက်ပန်းရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်နေကြပေမယ့် သူတို့ရဲ့သားတွေဟာ အဲ့ဒီကျေးရွာကို ရောက်မလာကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးရွာထဲက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ အချိန်မရွေး မီးရှို့ခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေတာပါ။

ဒါ့အပြင် လက်ပန်းရွာနဲ့အတူ ကံအိုးရွာနဲ့ ပဆုတ်ရွာတွေကို မီးရှို့မယ်လို့လည်း ခြိမ်းခြောက်ခံထားရတယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်မ (၅၅)-(၁၁)-(၁၀၁) နဲ့ ပျူစောထီ ပူးပေါင်းအဖွဲ့တွေဟာ လက်ပန်းကျေးရွာထဲက ဆရာတော်တစ်ပါးနဲ့ ကျေးရွာရပ်မိရပ်ဖလို့ ယူဆရတဲ့ အမျိုးသား (၄) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ပဆုပ်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ညအိပ်စခန်းချနိုင်တဲ့အတွက် အနီးနားကျေးရွာနေ ပြည်သူတွေအနေနဲ့ လုံခြုံရေး ဂရုစိုက်ကြဖို့ ယောအလင်းတန်းက သတိပေးထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here