ကလေး-တမူး ကားလမ်းဘေးက ဒေသခံပြည်သူပိုင် နေအိမ် ၉ လုံးအား စစ်ကောင်စီတပ် မီးရှို့

0
63

၂၀ စက်တင်ဘာ ၂၀၂၂

စစ်ကိုင်းတိုင်း တမူးမြို့နယ် ကလေး-တမူးကားလမ်းနဘေးရှိ ကျေးရွာ ၃ ရွာက လူနေအိမ်ခြေ ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့စက်တင်ဘာလ ၁၉ ရက်နေ့က မီးရှို့ခဲ့ကြသည်ဟု သိရသည်။

ကလေး-တမူးကားလမ်းဘေးတွင်တည်ရှိသော ရန်လင်းဖိုင်ကျေးရွာမှ အိမ်ခြေ ၄ လုံး၊ နန့်မွမ်ထာကျေးရွာက အိမ် ၃ လုံးနှင့် ခေါမွန်နွမ်ကျေးရွာက အိမ် ၂ လုံး စုစုပေါင်း အိမ်ခြေ ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကနဦးသိရှိရသည်။

အဆိုပါကျေးရွာများကို မီးရှို့ပြီးနောက် တမူးမြို့ဘက်သို့ ဆက်လက်ထွက်ခွါသွားသော စစ်ကောင်စီတပ်ဖွဲ့ကို PDF-Tamu တပ်ဖွဲ့က လမ်းခုလတ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့သည် ယခင်ကလည်း ရန်လင်းဖိုင်ကျေးရွာက လူနေအိမ်များကို မီးရှို့ခဲ့ကြသကဲ့သို့ ရွာသားများကိုလည် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။

ယခုမီးရှို့ခံရသည့် ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့များ ရွာသို့မရောက်လာခင်တွင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here