တပ်မတော် သုံးလတာ အပစ်ရပ်ထုတ်ပြန်ချက် ကေအဲန်ပီပီသဘောထားနှင့် မကိုက်ညီဟုဆို

0
148
CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 82

၁၃ မေ ၂၀၂၀

မေလ ၉ ရက်နေ့မှာ တပ်မတော်မှ ထုတ်ပြန်ထားတဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ကြေညာချက်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဟုတ်တဲ့အတွက် သဘောထားကိုက်ညီမှု မရှိဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( ကေအဲန်ပီပီ) က အတွင်းရေးမှူး – ၂ ခူးပလူးရယ်က ပြောပါတယ်။

“အခုက အဲ့လို ထုတ်ပြန်ကြေညာတဲ့အပေါ်မှာတော့ ကျတော်တို့ လိုချင်တဲ့အတိုင်းတော့ မဟုတ်ဘူးပေါ့လေ။ အပစ်ခတ်ရပ်စဲရေး လုပ်တယ်ဆိုတာက အဖွဲ့အစည်း မတရားအသင်း အဲ့လို လုပ်တဲ့ အခါကျတော့ ဒါလည်း မကောင်းတတ်ပါဘူးလေ။ ကျတော်တို့ လူသားချင်း ဒါကို ဝိုင်းပြီးတော့ ကူညီရမယ် လုပ်ဆောင်ဖို့ ရှိတယ် အဲ့လိုဟာမျိုးကို ကျတော်တို့ကတော့ လိုချင်တာပေါ့။”လို့ ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်၊ ကာကွယ်နိုင်ဖို့အတွက် မတရားအသင်းလို့ ကြေညာခံရတဲ့ အကြမ်းအဖက်အဖွဲ့အစည်းများ နေရာအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ခူးပလူးရယ်က ပြောပါတယ်။

မေလ ၉ ရက်နေ့မှာ တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းတွေ ပိုမိုထိရောက် လျှင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၀) ရက်နေ့မှ သြဂုတ် ( ၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေညာလိုက်ပါတယ်။

၎င်းကြေညာချက်ဟာ ကမ္ဘာ့ကုသမ္မဂရဲ့ အပစ်ရပ်ပေးဖို့ တောင်းဆိုချက်အပေါ်ကို ချေပပြီး ကြည့်ကောင်းအောင်သာ ကြေညာခြင်း ဖြစ်နေသလားလို့ ကေအဲန်ပီပီက မေးခွန်းထုတ် ပြောကြားထားပါတယ်။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပူးပေါင်းကာကွယ်ရမယ်ဆိုတဲ့ဟာလိုမျိုးပေါ့လေ ကျတော်တို့ ဖြစ်စေချင်တာကတော့။ ဒါပေမဲ့ အခုဟာက အဲ့လိုမျိုး ထုတ်ပြန်လိုက်တယ်ဆိုတာ နိုင်ငံတကာကလည်း ကမ္ဘာ့ကုသမ္မဂတို့လည်း တောင်းဆိုတာ ရှိတယ်လေ။ အဲ့ဒီအပေါ်မှာပဲ သူတို့ ပြန်ပြီးတော့ ချေပတာလားပေါ့နော။ ပြန်ပြီးတော့ နည်းနည်းအမြင်ကောင်းအောင် ပြန်ပြီးတော့ လုပ်ဆောင်တဲ့ သဘောလားပေါ့။” လို့ ခူးပလူးရယ်က အပစ်ခတ်ရပ်စဲရေးတွင် မတရားအသင်းလို့ ကြေညာခံရတဲ့ အဖွဲ့အစည်းရှိတဲ့နေရာတွင် အကျုံးအဝင်ကြောင်း ကြေညာချက်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( ကေအဲန်ပီပီ) ကလည်း ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ မြန်မာအစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးသို့ ပန်ကြားချက် ဆိုတဲ့ ခေါင်းစဉ်ဖြင့် ထုတ်ပြန်ကြေညာချက်တစ်စောင်ကို တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ပေးဖို့ တောင်းဆိုချက်အပါအဝင် အချက် ၄ ချက်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မော်ဦးမြာ( ကန္တာရဝတီတိုင်းမ်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here