“တပ်မတော်က ပစ်ခတ်ရပ်စဲရေးလုပ်တာ ငြိမ်းချမ်းရေးလိုလားတဲ့ဟာ မပေါ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ တိုက်ပွဲဖြစ်တဲ့နေရာကို တိုက်ပွဲဖြစ်တဲ့အဖွဲ့နဲ့ ပစ်ခတ်ရပ်စဲရေး မရှိဘဲ ဖြစ်နေတယ်” ပဒိုနော်စီဖိုးရာစိန် (KNU Concerned Group ပြောခွင့်ရှိသူ)

0
285

KNU ဒု-ဥက္ကဋ္ဌဟောင်း၊ KNU Concerned Group ပြောခွင့်ရှိသူ ပဒိုနော်စီဖိုးရာစိန်နှင့် ဆက်သွယ်မေးမြန်းခြင်း

၁၃ မေ ၂၀၂၀

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က တပ်မတော်ကနေ ပစ်ခတ်တိုက်မှု ရပ်စဲရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့ပေမယ့် အစိုးရက အ ကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်တော် AA လှုပ်ရှားဒေသတွေကို အပစ်ရပ်စဲတဲ့ ဧရိယာထဲမှာ ထည့်သွင်းမထားပါဘူး။ အဲလိုမထည့်သွင်းတဲ့အတွက် ယခင် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီ၀င်ဟောင်းများနဲ့ ဖွဲ့စည်းထားတဲ့ KNU Concerned Group က တပ်မတော်က ထုတ်ပြန်ထားတဲ့ အပစ်ရပ်စဲရေးဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့နဲ့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသ တွေမှာ စစ်ရေးအရ ချေမှုန်းမှုကို ဆက်လက်လုပ်ဆောင်မယ့် အပစ်ရပ်စဲရေးလို့ သုံးသပ်ထားတဲ့ ထုတ်ပြန်ချက် တစ်စောင်ကို မေလ ၁၂ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါတယ်။

ဘာကြောင့် KNU Concerned Group က ယခုလိုသုံးသပ်တာလဲ၊ တပ်မတော်က ထုတ်ပြန်ထားတဲ့ အပစ်ရပ်နယ်မြေတွေက လိုက်နာရမယ့် တပ်မတော်ရဲ့ မူ ၆ ချက်အပေါ် KNU Concerned Group က သဘောထားဘယ်လိုရှိပါသလဲ စတဲ့ အ ကြောင်းအရာတွေကို KNU Concerned Group ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ယခင် KNU ဒု-ဥက္ကဋ္ဌဟောင်း လည်းဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – တပ်မတော်ရဲ့ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ချက် တစ်စောင်ထုတ် ထားတာတွေ့ရတယ်။ ဒီထုတ် ပြန်ချက် ထုတ်ရတဲ့ ရည်ရွယ်ချက်က ဘာလို့ပြောလို့ရသလဲ။ ဘာကိုအဓိကထား ပြောချင်တာလဲ။

ဖြေ – ကျမတို့အနေနဲ့ ပြောချင်တာက မေလ ၉ ရက်နေ့က မြန်မာ့တပ်မတော်က ထုတ်ပြန်တဲ့ ကြေငြာချက် တစ်ခုအပေါ်မှာ ကျမတို့ သုံးသပ်ပြီးတော့ စာထုတ်ရတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကြေငြာချက်ထဲမှာပါရှိတဲ့ ပစ်ခတ်ရပ်စဲရေး လုပ်ဆောင်တာကို ကြည့်ရတာကတော့ အဲဒီရခိုင်ပြည်နယ် AA တို့အကြားဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေကတော့ မပါတဲ့ အပေါ် မှာ မြန်မာတပ်မတော်က ပစ်ခတ်ရပ်စဲရေး လုပ်တာကတော့ ငြိမ်းချမ်းရေးလိုလားတဲ့ဟာ မပေါ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲဖြစ်တဲ့နေရာကို တိုက်ပွဲဖြစ်တဲ့အဖွဲ့နဲ့ ပစ်ခတ်ရပ်စဲရေး မရှိဘဲ ဖြစ်နေတယ်။

ပြီးတော့ နောက်တစ်ခုကလည်း ထုတ်ပြန်ကြေငြာချက်ထဲမှာ ပါရှိတဲ့ တိုင်းရင်းသား အဖွဲ့ အစည်းတွေ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ တပ်မတော် က ထုတ်ထားတဲ့ ငြိမ်းချမ်းရေး မူ ၆ ချက် လိုက်နာရမယ့် အကြောင်းကတော့ အဲဒီ မူ ၆ ချက်ကို ပြန်ကြည့် လိုက်တဲ့အခါ တည်ဆဲဥပဒေကို လိုက်နာရမယ့် အကြောင်းတစ်ခုလည်း ပါထားတာရှိတယ်။ အဲဒီတည်ဆဲဥပဒေနဲ့ လိုက်နာရ မယ့် ဒါကတော့ ကြည့်မယ်ဆိုရင် ကျမတို့ တိုင်းရင်းသားတွေ လိုလားနေတဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့အတွက် ဒီတည်ဆဲ ဥပဒေနည်းနဲ့ သွားမယ်ဆိုရင် အဲဒါ နိုင်ငံရေး လမ်းကြောင်းနဲ့ ဖြေရှင်းဖို့က မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေက လိုက်နာရမယ်ဆိုရင် ဒီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရမယ့် အကြောင်းက မရောက်နိုင်ဘူး ။ ဒါကိုပြန်ကြည့်တဲ့အခါမှာ တပ်မတော်က နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းလိုဘူးဆိုတာကို ဖော်ပြပါရှိတယ်။

မေး – တပ်မတော်ရဲ့ အပစ်ရပ်စဲရေး ဧရိယာထဲမှာ ရခိုင်ဒေသနဲ့ ချင်းပြည်နယ် ပလက်၀ဖက်တွေ မပါလို့ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးကို တပ်မတော်က မလိုလားတာလို့ ပြောချင်တာလား။

ဖြေ – ဟုတ်တယ်။ ကျမတို့ပြောချင်တာကတော့ မပါတာကတော့ တစ်ခုရှိတာပေါ့။ တစ်ခုကတော့ ရပ်ဆိုင်းဖို့ အပစ်ခတ်ရပ်ဆိုင်းဖို့ ပြည်သူလူထုတွေ အခုသူတို့ တော်တော် ထိခိုက်မှု အများကြီးရှိတယ်။ ပြီးတော့ အခုလည်း ကျန်းမာရေးအတွက်လည်း COVID- 19 ကာကွယ်ဖို့လည်း တာ၀န်ရှိတယ်။ ဖြစ်သင့်တယ်။ ဒါပေမယ့် ဒါကို အပစ် ခတ်ရပ်စဲရေး မရှိဘူးဆိုရင် ပြည်သူလူထုတွေလည်း သူတို့ထိခိုက်မှုတွေလည်း သူတို့ဆက်လက်ဖြစ်မယ်။ ပြီးတော့ ရောဂါ ကာကွယ်မှုအတွက်လည်း ဘာမှ အာမခံချက် မရှိဘူး။

မေး – ဆရာမတို့အနေနဲ့ တပ်မတော်ကို ဘယ်လိုပုံစံမျိုး အပစ်ခတ်ရပ်စဲစေချင်တာလဲ။

ဖြေ – ကျမတို့အနေနဲ့ကတော့ တကယ်လို့ စေတနာသဘောထားမှန်မယ်ဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲ ဖို့လိုတယ်။ ဥပမာ အခု တိုက်ပွဲဖြစ်နေတဲ့ဟာကို ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲကတော့ တော်တော်များများ ပြည်သူလူထုကို ထိခိုက်မှု အများကြီးရှိတယ်။ ပြီးတော့ သူတို့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုလည်း အများကြီးရှိတာပဲ။ ကျောင်းသား လူငယ်တွေလည်း အဖမ်းခံရတယ် ပြီးတော့ နှိပ်စက်တယ်။ ပြည်သူလူထုရွာတွေ နေရာတွေ တော်တော်များများ မီးရှို့ခံရပြီး တော့ ရွာတွေ တော်တော်များများ ဖျက်သွားမှုတွေ အများကြီးဖြစ်လာတယ်။ အဲဒီအပေါ်မှာ ဒါကတော့ မဖြစ်သင့်တော့ဘူးလို့ တကယ်အခု လောလောဆယ် ငြိမ်းချမ်းရေး တစ်ဖက်မှာ ငြိမ်းချမ်းရေးသွားမယ်လို့ ပြောကြတယ်။ အစိုးရက တပ်မတော်က လည်း ဒါကိုလည်း ပြောနေတာပဲ။ အဲဒါကတော့ မဖြစ်သင့်ဘူးပေါ့ အဲဒါနဲ့ အားလုံးရပ်ဖို့လိုတယ်။ ပြီးတော့ ပြည်သူလူထုတွေ အတွက်ကို ချိုးဖောက်တာတွေ ဘာတွေ တကယ်လို့ Investigations လုပ်ဖို့လိုတယ်။

မေး – တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာက နိုင်ငံတကာရဲ့ စံနှုန်းအတိုင်း နိုင်ငံတော်ကနေ အကြမ်းဖက် ကြေငြာထားတဲ့ အကြမ်းဖက်အဖွဲ့ရှိတဲ့ နေရာကလွဲလို့ တခြားဒေသတွေကို အပစ်ရပ်တယ်လို့ဆိုတယ်။ ဆိုတော့ ဒီအပစ်ရပ်တာနဲ့ ပတ်သက် ပြီးတော့ နိုင်ငံတကာရဲ့ စံနှုန်းက ဘယ်လိုရှိသလဲ။ ဆရာမတို့အနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုလေ့လာ တွေ့ရှိထားသလဲ။

ဖြေ – အခုမြန်မာပြည်မှာ ဥပမာကြည့်မယ်ဆိုတာကတော့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ တောင်းဆို ချက်အရ အဲဒါနိုင်ငံတကာရဲ့ တောင်းဆိုချက်အရပေါ့လေ။ ရှိနေတာကတော့ အကုန်လုံး မြန်မာစစ်တပ်က ဘယ်သူကိုပဲ ဘယ်လိုပုံစံရပ်ရပ် ဘယ်လိုပုံစံပဲ သတ်မှတ်သတ်မှတ် အခုဖြစ်ပျက်နေတဲ့ဟာကို ရပ်တန့်ဖို့လိုတယ်။ အဲဒါကြောင့် တစ်နိုင်ငံလုံးက အပစ်ခတ်ရပ်စဲဖို့လိုတယ်။ အခုက ဖြစ်ပျက်နေတာ က အရေးကြီးဆုံးက အဲဒီရခိုင်ပြည်နယ်မှာ ဖြစ်တယ်။ နေ့တိုင်းလိုလိုပဲ တိုက်ပွဲတွေ ဖြစ်တယ်။ ပြည်သူလူထုတွေ ထိခိုက်မှုရှိ တယ်။ တပ်မတော်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်။ ပြီးတော့ ဒါကိုအများကြီးရှိနေပြီ၊ တိုက်ပွဲရပ်ဖို့လိုတယ်။ အပစ်ခတ်ရပ်စဲဖို့လိုတယ်။ အဲဒါမှလည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ ရတယ်။ ဒါမှမဟုတ်ရင် ဒီလိုမျိုးပုံစံနဲ့သွားမယ်ဆို့ရင် တိုင်းရင်းသား တစ်ဖွဲ့ချင်းစီ တစ်ဖွဲ့ချင်းစီလည်း ဒီလိုဖြစ်သွားလို့ရှိရင် အဲဒါ က မြန်မာပြည်မှာ သွားနေတဲ့ ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူးပေါ့။

မေး – နောက်တစ်ချက်က တပ်မတော်ရဲ့ ထုတ်ပြန်ချက်က တိုင်းရင်းသားဒေသတွေကို နယ်မြေ စိုးမိုးရေး လုပ်ဆောင်ဖို့ ပရိယာယ်တစ်ခုဖြစ်တယ် ဆိုပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားတာရှိတယ်။ ဆိုတော့ ဘယ်လိုအနေအထား တွေကြောင့် ဆရာမတို့အနေနဲ့ အဲလိုပြောနိုင်တာလဲ။

ဖြေ – ပြန်ကြည့်မယ်ဆိုရင် အခုဆိုရင်လည်း ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တယ်။ အဲဒါကတော့ တစ်ကမ္ဘာလုံးက ပြည်သူလူထုရဲ့ ကျန်းမာရေးကို ထိထိရောက်ရောက် ကာကွယ်ဖို့အတွက်ကတော့ တာ၀န်ရှိ တယ်။ တာ၀န်ရှိတဲ့အပေါ်မှာ ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း နယ်မြေထဲမှာ ကျန်းမာရေး လုပ် ငန်းတွေ လုပ်ဆောင်နေတဲ့ COVID- 19 အတွက် စစ်ဆေးရေးပေါ့နော ကျန်းမာရေးအတွက် စစ်ဆေးနေတဲ့ ဂိတ်တွေ ချထား တာရှိတယ်။ ဒါပေမယ့် ဒါတွေကို မြန်မာ့တပ်မတော်က လာပြီးတော့ တားဆီးတာရှိတယ်။ ပြီးတော့ နှောက်ယှက်တာရှိ တယ်။ ပြီးတော့ ဖျတ်သွားတာရှိတယ်။ သိပ်မကြာခင်က တပ်မဟာ ၅ နယ်မြေမှာ KNU နယ်မြေမှာပေါ့လေ တပ်မဟာ ၅ နယ်မြေ နေရာ ၂ ခုကို သူတို့လာပြီးတော့ ဒါကို ဖျတ်ဆီးလိုက်တယ် မီးရှို့လိုက်တယ်။ အဲဒီအပေါ်မှာ ကြည့်ခြင်းအားဖြင့် အဲဒီ အပေါ်မှာ သူတို့က ဒီဖြစ်ပျက်မှုကို ဒီ COVID- 19 ဒီစိုးမိုးရေးကို ဆက်လက်ပြီးတော့ သူတို့ နယ်မြေစိုးမိုးရေးကို သူတို့ လုပ် ဆောင်နေတာဖြစ်တယ်။ အဲတော့ဒီနေရာဖြစ်တာက တစ်နေရာ နှစ်နေရာ မဟုတ်ဘူးပေါ့ တစ်ခြား NCA ထိုးထားတဲ့ တိုင်းရင်းသား နယ်မြေမှာလည်း ရှိနေတယ် ။ ဟန့်တားမှုတွေ ခြိမ်းခြောက်မှုတွေရှိတယ်။ အဲတော့ ဒီအပေါ်မှာ ကျမတို့ ပြန်ကြည့် မယ်ဆိုရင် ဒါကိုလည်း နယ်မြေစိုးမိုးရေးကို ဦးတည်တာ ဖြစ်တယ်။

ပြီးတော့ နောက်တစ်ချက်ကို ပြန် ကြည့် မယ်ဆိုရင် အခုဆိုရင် ထုတ်ပြန်ကြေငြာချက်ထဲမှာ ရှိတယ် အဲဒါ UN အထွေထွေ အတွင်းရေးမှူးချုပ် တိုက်တွန်း ချက်အပေါ်မှာ အခြေခံ ပြီးတော့ ထုတ်တာ ဟုတ်တယ်။ ဒါပေမယ့် ဒီရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုတွေရဲ့ အတွက်မပါဘူး။ မပါတဲ့ အခါမှာလည်း ဒါကို စိုးရိမ်မှု ဖြစ်တယ်။ ပြီးတော့ ဒါပြဿနာကလည်း ဒါကို တပ်မတော်က ပြည်သူ လူထုတစ်ရပ်လုံး ကာကွယ်ဖို့ အတွက် ရခိုင် ပြည်နယ်မှာရှိနေတဲ့ ပြည်သူလူထု ချင်းပြည်နယ်မှာ ရှိနေတဲ့ ပြည်သူလူထု တွေအတွက် မပါရှိတဲ့ အပေါ်မှာ ဒါကတော့ ပြည်သူလူ ထုကို ကာကွယ်ဖို့ အတွက် မရှိတာဖြစ်တယ်

မေး – ဒီအခြေအနေမျိုးမှာ တခြား NCA ထိုးထားတဲ့ အဖွဲ့တွေဘက်မှာရော ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ – အခုဒီမှာ လက်ရှိဖြစ်နေတဲ့ အပေါ်မှာပေါ့ တခြားနယ်မြေတွေ NCA ထိုးထားတဲ့ နယ်မြေတွေ ရှိနေတဲ့အပေါ်မှာလည်း အပစ်ခတ်ရပ်စဲတာ ဖြစ်တယ်။ ဒါပေ မယ့် တစ်ခြားတိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကြားမှာ အပစ်ခတ်ရပ်စဲခြင်း မရှိတဲ့ အပေါ်မှာ ကြည့်မယ်ဆိုရင် တစ်ဖက်က NCA ထိုးထားတဲ့အဖွဲ့တွေကို ထိန်းချုပ် ပြီးတော့ ဒါကိုအခြေခံယူပြီး အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို စစ်ဆင်ရေးချေမှုန်း လုပ်ဖို့အတွက် ပရိယာယ်သုံး လုပ်ဆောင်တာဖြစ်တယ်။ တကယ့် ငြိမ်းချမ်းရေးအတွက် လုပ်တာ၊ ပြီးတော့ ကျန်းမာရေး ပြည်သူလူထုအတွက် ဒီနိုင်ငံရဲ့ ကျန်းမာရေးအတွက်ကို ကာကွယ်ပြီးတော့ လုပ်ဆောင်တာ မရှိဘူးလို့ ကျမတို့တွေ သုံးသပ်တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here