ကွတ်ခိုင်အဝေးပြေးလမ်းမဘေး ဖာခတ်ရွာမှ အသက် ၆၂ နှစ်အရွယ် အဘွားအား စစ်ကောင်စီတပ် ခလရ ၃၃၆ မှ တပ်သားတစ်ဦးက အဓမ္မပြုကျင့်

0
157

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာအုပ်စု၊ အဝေးပြေးလမ်းမဘေး ဖာခေတ်ကျေးရွာက အသက် ၆၂ နှစ်အရွယ် အဘွားတစ်ဦးကို စစ်ကောင်စီတပ် ခလရ ၃၃၆ မှ တပ်သား ၁ ဦး ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရပါတယ်။

“အိမ်ခြံစောင့်နေထိုင်တာ။ အမျိုးသမီးကြီး ၂ ဦး။ အဲဒီ အမျိုးသမီးနဲ့ နေထိုင်တဲ့ အဖော်အမျိုးသမီးကြီးက ဝက်စာလိုက်ယူနေတာ။ စစ်သား ၃ ယောက်က ဟင်းသီးဟင်းရွက် လာတောင်းတော့ ပေးလိုက်တယ်။ သူတို့ပြန်သွားပြီး။ ၃ ယောက်ထဲက ၁ ယောက်က ပြန်လှည့်လာပြီး နေမကောင်းလို့ နေပူဆာလှုံနေတဲ့အဖွားကို အိမ်ထဲဆွဲသွားပြီး အဓမ္မပြုကျင့်လိုက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းအမျိုးသမီးရဲ့ အဖော်ဖြစ်သူနှင့် စစ်သား ၂ ဦးပြန်လာချိန် အဓမ္မပြုကျင့်နေသော စစ်သားက ဓါးဖြင့် ပြန်လည်တိုက်ခိုက်လာတဲ့အတွက် အဲဒီစစ်သား ၂ ဦးမှလည်း ဓားနဲ့ ပြန်ခုခံရာ အဓမ္မပြုကျင့်တဲ့ စစ်သားရဲ့ခေါင်းကို ဓါးဒဏ်ရာထိသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို စစ်တပ်တာဝန်ရှိသူထံ တိုင်တန်းထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ခန့်ကလည်း ကွတ်ခိုင် နမ့်ကွတ်ရွာက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးကို စစ်ကောင်စီစစ်ကြောင်းက အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့တာ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မြို့နယ် လွယ်ကန်အုပ်စု နောင်ချိုရွာနှင့် ဒိန်ဂရီအုပ်စု နမ့်ဆုန်ကျေးရွာမှာလည်း ကလေးမိခင် အမျိုးသမီး ၁ ဦးနှင့် ကလေး နှစ်ဦးမိခင် ၁ စစ်ကေညာင်စီစစ်သားတွေက အဓမ္မပြုကျင့်ခဲ့သည့်အပြင် ငွေသားလူယူသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်များလည်း ယခင်ကရှိခဲ့ဖူးကြောင်း ဒေသခံတွေက ပြောပါတယ်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here