အာဏာစစ်ကောင်စီတပ်နှင့် မင်းတပ် CDF တိုက်ပွဲအတွင်း စကစဘက်မှ ၅၀ ခန့်သေဆုံးဟုဆို

0
298

၇ ဇွန် ၂၀၂၁
ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ဇွန်လ ၆ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် Mindat-CDF အကြား တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်က အယောက် ၅၀ ခန့်သေဆုံးမှုရှိခဲ့ပြီး CDF ဘက်မှ ၃ ဦး ကျဆုံးခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ချောင်းဆုံအနီးတဝိုက်တွင် ဖြစ်သောတိုက်ပွဲ၌ အာဏာသိမ်းစစ်ကောင်စီတပ်များ ၄၀ ခန့်ကျဆုံးခဲ့ပြီး ယှက်ရွာတိုက်ပွဲတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးခန့်ကျဆုံးမည်ဟု ခန့်မှန်းရပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ချောင်းဆုံတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် မင်းထို့အပြင်တပ်မြို့ အရှေ့ပြင်မီးသတ်ကုန်း၊ ဘောင်ထဲရွာ၊ ကျောက်ထုအမြှေက်တပ် စသည်တို့မှ ပစ်ကူသည့်အပြင်လေယာဉ်ဖြင့် ဗုံး ၂ ကြိမ် ကြဲခဲ့သည်။

CDF မင်းတပ်မှလည်း ၃ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိပြီး ချောင်းဆုံတိုက်ပွဲတွင် ၂ ဦး (ထန်းမာန် – စိချဲ့နှင့် ဟာဖေ – မရှိန်းလှော်) တို့ကျဆုံးပြီး ဒဏ်ရာရသူ ၆ ဦးခန့်ရှိပြီး ယှက်ရွာတိုက်ပွဲ မင်းတပ် CDF ဘက်မှ တစ်ဦး (ရဲဘော် ငိုင်းရှိန်းမာန် – ဝကောက်) ကျဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိသည်ဟုသိရသည်။
KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here