မတူပီမြို့တွင် ဖမ်းဆီးခံရသော လူငယ် ၅ ဦးအား မေလ ၁၄ ရက်နေ့ ရုံးပြန်ချိန်း

0
117

ဓာတ်ပုံ – စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေဖြင့် မတ်လဆန်းပိုင်းတွင် ဆန္ဒဖော်ထုတ်နေသည့် မတူပီလူငယ်များ။

၈ မေ ၂၀၂၁

ချင်းပြည်နယ်၊ မတူူပီမြို့တွင် ဧပြီလ ၇ ရက် ၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီများ၏ ဖမ်းဆီးမှုခဲ့ရသော လူငယ် ၅ ဦးကို မေလ ၇ ရက် မနက် ၁၁ နာရီက ရုံးထုတ်ခဲ့သော်လည်း ၎င်းတို့၏ ရှေ့နေများ မရောက်လာနိုင်သဖြင့် မေလ ၁၄ ရက်နေ့တွင် ထပ်မံရုံးပြန်ချိန်လိုက်သည်ဟု သိရသည်။

“ ဒီနေ့က ရုံးထုတ်တယ်၊ ဒါပေမယ့် ရှေ့နေတွေကလည်း ပခုက္ကူကနေငှားတာလေ အဲ့တာမင်းတပ်အခြေအနေနဲ့ မလာနိုင်ဘူးဆိုပြီးတော့ နောက် ၁၄ ရက်နေ့ကို ပြန်ပြီးတော့ ရုံးချိန်းထားတယ်၊ ခနလောက်တော့ စကားပြောတယ် ၁၁း၂၀ လောက်မှာ သူတို့ကို ရဲစခန်းကို ပြန်ပြီး တော့ ခေါ်ဆောင်သွားပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

မတူပီတွင် အဖမ်းခံရသူ ၅ ဦးတို့မှာ တက္ကသိုလ်ကျောင်းသားဖြစ်ကြသော Salai Timothy, Salai Titus, Salai John Ahta, Salai Naung Naung နှင့် ပရဟိတအသင်းဥက္ကဌ ဦးထွန်းလင်းဦးတို့ဖြစ်ကြီး ၎င်းတို့ကို မြို့မရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်ဟုသိရသည်။

၎င်းတို့ကိုဧပြီလ ၂၃ ရက်နေ့ကလည်း တစ်ကြိမ်ရုံးထုတ်ခဲ့သော်လည်း ဘာမှထူူးခြားမှုမရှိကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွား ချိန်တွင်လည်း ရိုက်နှက်မှုခံရသည့် အပြင် အဖွဲ့ထဲမှ တစ်ဦးကိုလည်း ပလက်စတစ်ဖြင့် ခေါင်းကိုဖုံးအုပ်ပြီး ရိုက်နှက်ခံရေ ကြာင်း မိသားစုဝင်များထံမှသိရသည်။

အဆိုပါ ဖမ်းဆီးခံရသည် ပုဂ္ဂိုလ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံတယရှိသောကြောင့် ရဲနှင့်စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here