မည်သည့်အကြောင်းအရင်းမျှမသိရဘဲ ဟားခါးတက္ကသိုလ်အနီးတွင် လူငယ်နှစ်ဦးအား စစ်ကောင်စီ ဖမ်းဆီး

0
112

၁၃ ဧပြီ ၂၀၂၁

ချင်းပြည်နယ် ဟားခါးမြို့တွင် ထန်တလန်ဘက်မှအဝင် ဟားခါးတက္ကသိုလ်အနီးတွင် Salai William နှင့် ယာဉ်မောင်းတစ်ဦးတို့အား အာဏာသိမ်းစစ်ကောင်စီမှ အကြောင်းမသိရဘဲ ယနေ့မနက် ၁၀နာရီခန့်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“William နဲ့ ကားဆရာတစ်ယောက်ကို သူတို့ အလုပ်ကိစ္စသွားလာရင်းနဲ့ ဖမ်းလိုက်တယ်လို့သိရတယ်၊ ဘာလို့ဖမ်းလဲဆိုတာမသိရဘူး၊ သူ့တို့ကို ဖမ်းပြီးတဲ့နောက် သူဌားနေတဲ့ Hakhathar ရပ်ကွက်က အိမ်ကို ဝိုင်းပြီး စစ်ဆေးကြတယ်၊ ပစ္စည်းတော့ယူသွားတယ် ဘာတွေ ယူသွားလဲတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးမှပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ အကြောင်းအရင်းမသိရဘဲ ပြည်သူများအား ဖမ်းဆီးခြင်း အိမ်တွင်း စီးနင်းဝင်ရောက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

ခိုနူမ်းသုန် မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here