KIO အခြေစိုက်ရာ လိုင်ဇာတွင် ကိုရိုနာ သံသယလူနာတစ်ဦးတွေ့

0
219

၁၄ ဧပြီ ၂၀၂၀

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့တွင် COVID-19 သံသယ လူနာတစ်ဦး တွေ့ရှိထားကြောင်း KIO နယ်မြေတွင် ဖွဲ့စည်းထားသည့် COVID-19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီက ဧပြီလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန် လိုက် သည်။

အဆိုပါ ကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် “လိုင်ဇာမြို့တွင် COVID-19 ကပ်ရောဂါပိုး ရှိသည် ဟု ယူဆရသော သူတစ်ဦးကို တွေ့ရှိထားသည်၊” ဟု ဖော်ပြထားသည်။

KIO ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက “လူနာက အဆုတ်ရောင်ပုံစံပေါ့၊ ပြင်းပြင်းထန် ထန်တော့ မဟုတ်ဘူး။ နမိုးနီးရား လက္ခဏာပုံစံနဲ့ ရောက်လာတာ။ ရောက်လာတော့ ခရီးသွား မှတ် တမ်းလည်းရှိတော့ ကျနော်တို့က test stick စစ်လိုက်တာဟုတ်တယ်။ test stick မှာတော့ positive တွေ့တာမျိုးပေါ့။ လုံးဝကြီးတော့ Confirm တော့ မဟုတ်ဘူးပေါ့။ positive တွေ့တဲ့ အတွက်ကြောင့် ကျနော်တို့က အဲ့ဒါကို သံသယဆိုပြီးမှ ထည့်ထားတာပေါ့နော်” ဟု ပြောသည်။

သံသယလူနာနှင့် ပတ်သက်သည့် ခရီးသွားမှတ်တမ်းနှင့် အခြားအချက်အလက်များနှင့် နောက် ဆက်တွဲအခြေအနေများအား လူနာ၏ အခြေအနေပေါ်မူတည်၍ အတည်ပြုချက် ရရှိပါက KIO ဗဟိုမှ ထပ်မံထုတ်ပြန် အသိပေးမှုများ ပြုလုပ်သွားမည်ဟု အဆိုပါ KIO ကျန်းမာရေးဌာနမှ တာဝန်ရှိသူ က ဆက်ပြောသည်။

“travel history(ခရီးသွားမှတ်တမ်း)တွေ အားလုံးလိုက်ထားတယ် အချက်အလက်တွေလည်း ရ ထားပြီ။ လူနာက လုံးဝ Confirm မဖြစ်သေးတာ ထုတ်ပြန်လို့မရသေးဘူး။ ဗဟိုကနေ ထုတ်ပြန် လိမ့် မယ်။ လူနာရဲ့ အခြေအနေကတော့ ကောင်းကောင်းမွန်မွန်ပါပဲ။ ကျနော် တို့ ကုသဖို့ပြင် ဆင်ထားတဲ့ နေရာမှာ ထားထားတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့တွင် COVID-19 သံသယ လူနာတစ်ဦး တွေ့ရှိထားသည့်အတွက် လူဝင်လူထွက်နှင့် အသွားအလာ ကန့်သတ်မှု များ ပိုမို တင်းကြပ်မှုများ လုပ်ဆောင်သွားရန် ရှိသည်ဟု သိရသည်။

KIO ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ရှေ့ဆက်လုပ်ဆောင်ဖို့ကတော့ အပေါ်က ကော်မတီကနေ နေ့တိုင်း ဘာလုပ်ပါ ဘာလုပ်ပါဆိုတာမျိုး ညွန်ကြားနေတာတွေရှိ ပါတယ်။ အဲ့ဒီ အတိုင်းတော့ ကျနော်တို့လုပ်ပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ အသွားအလာ ကန့်သတ် တာတွေ ထိန်းချုပ်တာတွေ လူဝင်လူထွက်တွေ အဓိက လုပ်နေပါတယ်။ အထဲကို မဝင်လာ အောင်ပေါ့။ အထူးသဖြင့်တော့ အဲလိုမျိုးတွေ လုပ်နေပါတယ်။ တကယ်လို့ လူနာက Confirm ဖြစ် ခဲ့ရင် ဒီထက်ပိုပြီး ဝင်ထွက်တာတွေကို စိစစ်သွားဖို့တော့ရှိတယ်။ ဒါပေမယ့် အခု အဝင်အထွက် ကို တော့ အဓိက ကန့်သတ်ဖို့တော့ လုပ်နေကြပြီပေါ့” ဟု ဆက်ပြောသည်။

KIO နယ်မြေတွင် ဖွဲ့စည်းထားသည့် COVID-19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီက လူနာ နှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ခြင်း မပြုသော်လည်း အဆိုပါ သံသယလူနာကို လိုင်ဇာ ဆေးရုံ သီးသန့်အဆောင် (Quarantine Ward) တွင် ခွဲထားကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်နယ်မြေများတွင် သက်ဆိုင်ရာ အဖွဲ့အ စည်းများက COVID-19 ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြရာ KIO ထိန်းချုပ် နယ်မြေတွင် ပထမဆုံးအဖြစ် သံသယ လူနာတွေ့ရှိကြောင်း သတင်းထွက် ပေါ်လာခြင်း ဖြစ် သည်။

ကြေညာချက် ထုတ်ပြန်ခဲ့သည့် ကော်မတီက လိုင်ဇာမြို့တွင် နေထိုင်သူများအား “COVID-19 ရောဂါ ကာကွယ် နှိမ်နင်းရေး ကော်မတီနှင့် ကျန်းမာရေး ဌာနတို့မှ ချမှတ်ထားသော လမ်းညွှန် ချက်များကို တသွေမတိမ်း လိုက်နာကြရန်” လည်း တိုက်တွန်း ထားသည်။

KIO ဌာနချုပ် လိုင်ဇာမြို့သည် တရုတ်နယ်စပ်တွင် တည်ရှိသော မြို့ဖြစ်ပြီး ဧပြီလ လဆန်းပိုင်း မှ စတင်၍ လက်ရှိဖြစ်ပွားနေသည့် covid – 19 ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ် တားဆီးသည့် အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်ဂိတ်မှ ဝင်ရောက်လာသူ များကို ကန့်သတ်ထားသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှ င့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here