ထိုင်းနယ်စပ်မှ ပြန်လာမည့်သူများအား ယခုလကုန်ပြီးမှ ပြန်လာကြရန် အစိုးရ တိုက်တွန်း

0
145

၁၄ ဧပြ၂၀၂၀

ထိုင်း-မြန်မာ နယ်စပ်ဂိတ်မှတဆင့် ပြန်ဝင်လာမည့် မြန်မာနိုင်ငံသားများအနေဖြင့် ယခုလ ဧပြီ ၃၀ရက်နေ့ နောက်ပိုင်းမှ ပြန်လာကြရန် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် မတ်လ ၃၀ရက်နေ့က နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ဧပြီလ ၁၅ရက်နောက်ပိုင်းပြန်လာရန် ယခင်က ကနဦးပန်ကြားထားသော်လည်း လတ်တလောရောဂါ ကူးစက်မှုနှင့် ထိန်းချုပ်ရေး အခြေအနေများအရ ဧပြီလ ၃၀ရက်နေ့နောက်ပိုင်းမှ ပြန်လာ ရန် တိုက်တွန်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအစိုးရ၏ ထုတ်ပြန်ထားသည့် အရေးပေါ်ဥပဒေများကို လေးစားလိုက် နာ၍ နယ်စပ်ဂိတ်များမှတဆင့် မိမိနေရပ်သို့ မဖြစ်မနေ ပြန်လာကြရမည့်သူများအနေဖြင့် အရေးပေါ် အခြေအ နေကာလ သတ်မှတ်ထားသည့် ဧပြီလ ၃၀ရက်နေ့နောက်ပိုင်းမှ ပြန်လာကြရန် နိုင်ငံခြားဝန်ကြီးဌာန က ဆိုသည်။

ထိုင်းပြည်ထဲရေးဌာနမှပြီးခဲ့သည့် ဧပြီလ ၇ရက်နေ့က ထိုင်းနိုင်ငံအတွင်း ပြီးခဲ့သည့် မတ်လ ၂၆ရက်နေ့တွင် ဗီဇာသက်တမ်းကုန်ဆုံးသွားကြသည့် နိုင်ငံခြားသားများအနေဖြင့် ဗီဇာနှင့် နေထိုင်ခွင့်ကို ယခုလ ၃၀ရက်ေ န့အထိ အလိုအလျှောက် တိုးမြှင့် ပေးထားကြောင်းနှင့် ထို့အတွက် လူဝင်မှုကြီးကြပ်ရေး ရုံးသို့ သွားရောက် သက်တမ်းတိုးရန်မလိုသလို ရက်လွန်ခ တစ်ရက်စာဘတ်(၅၀၀)ကိုပါ ပေးဆောင်ရန် မလိုကြောင်း ထုတ်ပြန် ကြေညာ ထားသည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့်လည်း နယ်စပ်ဂိတ်များ ပြန်မဖွင့် မချင်း ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ပြုထားမည်ဖြစ်ပြီး ပုံမှန်အခြေအနေပြန်ရောက်ရှိ၍ နယ်စပ်ဂိတ်များ ပြန် ဖွင့်လှစ်ချိန် (၇)ရက်အတွင်း ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာသွားရမည်ဖြစ်ကြောင်းလည်း ထိုင်းအစိုးရ၏ ကြေညာ ချက်၌ ပါရှိသည်။

ယခုလို ရက်ပြောင်းလဲမှုများကြောင့် အခြေအနေအမျိုးမျိုးဖြင့် ဧပြီလ ၁၅ရက်နေ့ နောက်ပိုင်း ပြန်လာရန် စီစဉ်ထားသည့် မြန်မာအလုပ် သမားအချို့မှာ ဆက်လက်နေထိုင်စားသောက်ရန် အခက်အခဲများ ကြုံတွေ့ နေရသလို လတ်တလောတွင်လည်း အလုပ်ရုံပိတ်သိမ်းခံရပြီး အလုပ်လက်မဲ့များစွာရှိနေကြောင်း မြန်မာ အလုပ်သမားတစ်ဦးကပြောသည်။

စက်ရုံ အလုပ်သမ တစ်ဦးဖြစ်သူ မမျိုးက “တချို့ရုံတွေက ပိတ်လိုက်တယ်၊ ပိုက်ဆံမပေးဘူး။ တချို့ကျတော့ ပေးတယ်။ တချို့ကျတော့လည်း ပြန်မယ်ဆိုတော့ ပြန်လို့လည်းမရဘူးလေး။ အခုက ၁၅ရက်နေ့မှာ ပြန်ဖို့ ရုန်း ထားကြတာပေါ့။ ရုန်းထားကြပေမဲ့ ပြန်လို့လည်းမရ တစ်နယ်နဲ့တစ်နယ်က ကူးလို့လည်းမရတော့ ငတ်ကြတာ ပေါ့။ ကျမ အခုအလုပ်ရုံမှာဆိုလည်း ၉ရက်ပိတ်ပေးတယ်။ ရှမ်း(ထိုင်း)တွေအများစုရှိတယ်။ တနင်္လာနေ့ကျရင် အလုပ်ပြန်ဆင်းလို့ရတယ်၊ တစ်ရက်ကို ၁၅၀ပေးမယ်။ ရှမ်းတွေက မဆင်းလည်းပိုက်ဆံရတယ်။ ကျမတို့ ဗမာ အလုပ်သမားတွေကျတော့ ဆင်းမှပေးမယ်” ဟုကေအိုင်စီသို့ပြောသည်။

ထို့အပြင် ယခင်က မြန်မာပြည်သို့ပြန်ရန် စီစဉ်ထားသော်လည်း စာရွက်စာတမ်း လက်မှတ် ကိစ္စကြောင့် မပြန်ဖြစ်သလို အဆိုပါ စာရွက်စာတမ်း ကိစ္စများ အဆင်ပြေချေားမွေ့လျှင် ပြည်တော်ပြန်မည့်သူ များစွာ ရှိနေကြောင်းလည်း မမျိုးက ဆက်ပြောသည်။

လက်ရှိ ကပ်ရောဂါကာလတွင် နေရပ်ပြန်မြန်မာအလုပ်သမားများအနေဖြင့် မိမိနေရပ်သို့ပြန်လိုပါက နယ်ကျော် ကျန်းမာရေး ဆေးစစ်ချက်များ လုပ်ဆောင်ရသလို ထိုင်းနိုင်ငံမှ ထွက်ခွားသွားပါက ထိုင်းနိုင်ငံအတွင်းသို့ ပြန်ဝင်လာခွင့်မရှိတော့ကြောင်း မြန်မာပြည်သားများအရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုး သတိပေးပြောဆိုသည်။

၎င်းက “ထိုင်းမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက အလုပ်ပြုတ်တာတွေ လုပ်သားအင်အား အလျှော့ ချခံရတာ တွေ အလုပ်ပုံမှန်မရှိတဲ့သူတွေနဲ့ တပ်ပျက်ပြီးတော့ ပြည်တော်ကို ပြန်ချင်ကြတယ်။ သူတို့မှာ အိမ်ခန်းတွေ ပြန်အပ်ထားတာတွေနဲ့ ၁၅ရက်နေ့ပြန်ဖို့အတွက် ကြိုစီ စဉ်တာတွေ ရှိတယ်။ နောက်ပြီး ခရိုင်းကျော် သွားရမှာ ဖြစ်တဲ့အတွက် ကျန်းမာရေး ဆေးစစ်ထား တာတွေ လုပ်ထားပြီးခါမှ နောက် ၁၅ရက်တိုး လာတော့ အကုန်လုံး အခက်အခဲကုန်တယ်။ သတိထားဖို့က ဒီကိုလာပြီးတော့မှ တံတားကြီးက မဖွင့်ပေးဘူး ဆိုရင် ငွေကုန်သံပြာ ဖြစ်သွားမယ်။ နောက်တစ်ခုက သူတို့ မသိသေးတာ ထိုင်းနိုင်ငံမှာထွက်သွား ပြီးရင် ဝင်လာ လို့မရတော့ဘူး။ အရေးပေါ်ကာလ သတ်မှတ်ချက် ကရှိနေတယ် ဟု ကေအိုင်စီသို့ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်သူအများစုမှာ ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများနှင့် ၎င်းတို့နဲ့ ထိတွေ့ တော်စပ်သူများမှ အများစုတွေ့ရပြီး လက်ရှိတွင် နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူများ များပြား လွန်းသောကြောင့် ထိန်းချုပ် ကန့်သတ်စောင့်ကြည့်မှု(Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ တိုးချဲ့ပြန်လုပ်ရန် အချိန်လိုအပ်ခြင်းနှင့် ထပ်မံတိုးချဲ့ ပြင်ဆင်မှုများစွာ ပြုလုပ်နေရကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာ နကဆိုသည်။

အလားတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အဆိုအရ ရောဂါပိုးရှိသူမှာ ရောဂါလက္ခဏာမပြမီ ၂ရက်မှ ရောဂါပြပြီး ၂၈ရက်နေ့အထိ ရှိကြောင်းနှင့် တရုတ်သုတေသနပြုချက်များအရ Quarantine ၂၁ရက်နေ့အထိ ပြုလုပ်ရန် အကြံပြုထားချက်အရ ယခင်စောင့်ကြည့်ကာလ Facility Quarantine ၁၄ရက်မှ ၂၁ရက်နေ့အထိပြောင်းလဲ သတ်မှတ်လိုက်ပြီး နောက်ထပ် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကို ၇ ရက်ဆောင်ရွက် သွားရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယနေ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသည့်စားရင်းများအရ ပိုးတွေ့ရှိသူ ၆၂ဦး ရှိလာခဲ့ပြီး သေဆုံးသူ ၄ဦးရှိကာ ၂ဦးမှ ပြန်လည်သက်သာကောင်းမွန်းသွား ကြောင်း သိရသည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here