တပ်မတော်မှ စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ပလက်၀ဒေသခံ (၁၁) ဦး သေဆုံး

0
284

၁၉ မတ် ၂၀၂၀။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ မိတ်စာ၀ကျေးရွာတွင် မြန်မာ့တပ်မတော်မှ မတ်လ ၁၄ရက် နေ့လည် (၁၁) နာရီ၀န်းကျင်ခန့်၌ စစ်လေယာဉ်ဖြင့် လာရောက်ပစ်ခက်မှုဖြစ်ပွားပြီး ဒေသခံ (၁၁) ဦးသေဆုံးခဲ့ကြောင်း မိတ်စာ၀ကျေးရွာနေ ဦးလိုင်ပက ပြောသည်။

“စဖြစ်တာက လေယာဉ်တစ်ခါ ေ၀့ှတယ်၊ လေယာဉ်ေ၀့ှေ၀့ှနေပြီးတော့ တစ်ခါတည်းပစ်ချတာပဲ၊ ဘာမှမသိပဲနဲ့ ဒီတိုင်းပစ်ချတာ၊ လက်နက်ကြီးနဲ့ (၂) ချက်ပစ်တာ၊ သေတဲ့သူက စုစုပေါင်းအားလုံး (၁၁) ယောက်ရှိတယ်၊ ဒဏ်ရာရတဲ့သူက (၆) ယောက်ရှိတယ်၊ အခုအားလုံး ဆမီးဆေးရုံကိုပို့လိုက်ပြီ၊ ဆမီးကနေ ကားနဲ့ မတူပီိကို ပို့မယ်၊ အဲဒီကို ပြည်နယ်အစိုးရအကူအညီနဲ့ ပို့မယ်” ဟု ဦးလိုင်ပက ပြောသည်။

မြန်မာ့တပ်မတော်မှ စစ်လေယာဉ်ဖြင့်ပစ်ခတ်ခဲ့သည့် မိတ်စာ၀ကျေးရွာသည် အိမ်ခြေ (၇၀) ကျော်ရှိသည့် ကျေးရွာဖြစ်ကာ ပလက်၀မြို့နဲ့ (၉) မိုင်အကွာတည်ရှိပြီး ယခုပစ်ခတ်မှုကြောင့် သေဆုံးသူများထဲတွင် (၇) နှစ်သားတစ်ဦးပါ၀င်ကြောင်းနှင့် သေဆုံးသူများထဲတွင် အမျိုးသားပိုများကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်၀န်ကြီးဦးစိုးထက်က “စစ်တပ်ရဲ့ ပစ်ခတ်မှုကိုတော့ အဖြေမပေးနိုင်ဘူး၊ ကျနော်တို့က အခုလောလောဆယ် အစိုးရအဖွဲ့အနေနဲ့တော့ တက်လာမယ့်သတင်းတွေကနေ အတည်ပြုတာကို စောင့်နေတာ၊ တရား၀င်ကြေးနန်းရရင်တော့ သေဆုံးသူတွေနှင့် ဒဏ်ရာရတဲ့သူတွေအတွက်ကတော့ ထောက်ပံ့မှုရှိမယ်၊ လက်ရှိက ကျနော်တို့ မတူပီက လူမှုကူညီရေးအသင်းကကားတွေကို ကျနော်တို့ ဆမီးထိသွားပြီးတော့ သွားသယ်ခိုင်းနေတယ်၊ ကျနော်တို့ ဖြစ်စဉ်တွေကို ကြေးနန်းလည်းတင်ပြဖို့ရှိတယ်၊ မြို့နယ်ကနေတင်မယ်၊ တင်ပြီး ပြည်ထောင်စုအစိုးရကို တင်ဖို့ရှိတယ်၊ တင်ပြီးတော့ ကျနော်တို့ လက်ရှိဖြစ်တဲ့အပေါ်မှာ လုံခြုံတဲ့နေရာကို ရွှွှေ့ပြောင်းဖို့ အဲဒါတွေကို ကျနော်တို့ ကူညီပြီးတော့ ဆောင်ရွက်ဖို့ရှိတယ်” ဟု ပြောသည်။

မိတ်စာ၀ကျေးရွာသည် ပလက်၀မြို့နယ်ထဲရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာရှိဒေသခံများမှာလည်း ချင်းလူမျိုးများဖြစ်ကာ ၎င်းကျေးရွာနှင့် ကျေးရွာအနီးအနားတွင်လည်း လက်တလော ရကိ္ခုင့်တပ်တော် (AA) ၏လှုပ်ရှားမှုများ လုံးဝမရှိကြောင်းသိရသည်။

လားနွန်(ခိုနူမ်းသုန်) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here