အပစ်ရပ်စာချုပ်ပါ အချက်တွေကို လေးစားအကောင်ထည်ဖော်ဖို့ ပြည်နယ်အစိုးရအား KNPP တိုက်တွန်း

0
193

မတ် ၄ ရက် ၂၀၂၀

ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးစဉ် နှစ်ဖက် သဘောတူညီထားတဲ့ အချက်တွေကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်သွားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က မတ်လ ၃ ရက်နေ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံမှု အပြီးမှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ ကျတော်တို့ တင်ပြဆွေးနွေးတာကတော့ သဘောတူညီထားတဲ့… စပြီးတော့ အပစ်ခတ်ရပ်စဲရေးလုပ်တုန်းက ပြည်နယ်အဆင့်မှာသော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်မှာသော်လည်းကောင်း ကျတော်တို့ သေဘာတူညီထားတဲ့ အချက်အလက်အပေါ်မှာ ပြည်နယ်အစိုးရကနေပြီးတော့ လေးစားလိုက်နာပေးဖို့ အကောင်အထည်ဖော်ပေးဖို့ဆိုတ့ဲ အချက်အလက်ကို ကျတော်တို့ တင်ပြတယ်။ အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့မှ အခု ဖြစ်ပျက်နေတ့ဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ဒီသွားလာလုပ်ရှားမှုတွေပေါ့လေ။ ကျတော်တို့ သဘောတူညီမှုတွေနဲ့ ကွာဟချက်ဖြစ်နေတယ်ပေါ့လေ။ ဆိုတော့ အဲ့ဒီအပေါ်မှာ လေးစားလိုက်နာပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အဲ့ဒါမှသာလျှင် ကျတော်တို့ အခု ရည်မှန်းထားတဲ့ အပစ်ခတ်ရပ်စဲရေးကို ခိုင်မြဲစေမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အရွေ့တစ်ခု ဖြစ်သွားနိုင်တယ်ပေါ့လေ။” လို့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ KNPP အဖွဲ့ ခေါင်းဆောင် ခူးထဲဘူး ကပြောပါတယ်။

တွေ့ဆုံမှုမှာ ပြည်နယ်အစိုးရဖက်မှ တာဝန်ရှိ ဝန်ကြီးချုပ်၊ ဝန်ကြီးများ တက်ရောက်လာခြင်း မရွိပဲ အတွင်းရေးမှုးများသာ တက်ရာက်လာတဲ့အတွက် အားရကျေနပ်မှု မရှိဘူးလို့ KNPP ဘက်မှ ဦးဆောင်ဆွေးနွေးတဲ့ အဖွဲ့ခေါင်းဆောင် ခူးထဲဘူးက ပြောပါတယ်။

“ အဓိကကေတာ့ သဘောတူညီချက်တွေကို လေးစားလိုက်နာပေးပြီးတော့မှ အကောင်အထည်ဖော်ပေး။ အဲ့ဒါမှ အကောင်အထည်ဖော်ပေးမယ်ဆိုရင် ယုံကြည်မှုတစ်ဆင့်ကို ကျတော်တို့ သွားနိုင်မှာကိုး။ ဆိုတော့ ယုံကြည် စိတ်ချရပြီဆိုရင် ကျတော်တို့ အရွေ့ကို တစ်ဆင့်တစ်ဆင့် သွားနိုင်မယ်လို့ ကျတော်တို့ ပြန်ပြီးတော့ ညှိနှိုင်းကြတာပေါ့လေ။” လို့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ KNPP အဖွဲ့ ခေါင်းဆောင် ခူးထဲဘူး ကပြောပါတယ်။

တွေ့ဆုံဆွေးနွေးမှုမှာ ပြည်နယ်အစိုးရဖက်မှ အတွင်းရေးမှူးနှင့် ဦးအ့ံမော်နှင့်အတူ အစိုးရအဖွဲ့ဝင် ၁၃ ဦးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဖက်မှ အဖွဲ့ခေါင်းဆောင် ခူးထဲဘူးနှင့်အတူ အဖွဲ့ဝင် ၄ ဦးနှင့် အကျိုးဆောင်တစ်ဦးတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

မတ်လ ၃ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များ လစဉ်တွေ့ဆုံမှုကို ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မော်ဦးမြာ (ကန္တာရ၀တီတိုင်းမ်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here