ကျောက်တော်မြို့နယ် တင်းမရွာအတွင်း ပစ်ခတ်မှုများကြောင့် ရွာသား တစ်ရာကျော် တိန်းရှောင်နေရ

0
510

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမကျေးရွာတွင် ဖေဖော်ဝါရီ ၂၄ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ် ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရွာသားတစ်ရာခန့်လည်း စစ်ဘေးလွတ်ရာ ထွက်ပြေးတိန်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာ အထက်ဘက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုညီပု က ပြောသည်။

“ဟိုတင်းမအထက်ဘက်မှာ တို်က်ပွဲဖြစ်တယ်လို့ကြားတယ်။ အဲ့မှာ တင်းမရွာက အမျိုးသမီး တစ် ဦးကိုလည်း ပေါင်ကို ထိပြီးတော့ ဟိုဘက်ဒီဘက် ပေါက်ထွက်သွားလို့ အခု စက်လှေနဲ့ သယ်ဆောင်လာ နေပါတယ်။ ကုန်းလမ်းတော့ရှိတယ်။ အဆင်မပြေလို့ ရေလမ်းကနေသွားသယ်ရတာပါ။ ကုန်းလမ်းက လက်နက်ကိိုင်အချင်းချင်း ပစ်ခတ်မှုတွေဖြစ်နေလို့ သွားလို့အဆင်မပြေလို့ ရေလမ်းကနေ သွားသယ်ရ တာ ပါ။ တင်းမ ရဲ့ အထက်ဘက်မှာ ဒီမနက် တိုက်ပွဲတော့ ခဏဖြစ်တယ်လို့ ဒေသခံတွေက ပြောတယ်” ဟု ကိုညီပု က ပြော သည်။

တင်းမကျေးရွာမှ အသက်(၅၀) အရွယ် ဒေါ်မြဝင်းရီ သည် ရေခပ်သွားစဉ် အနီးတွင် ကျည်ဆံထိမှန်ခဲ့ ခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အဆိုပါ အမျိုးသမီးအား ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ကိုညီပု က ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ၏ မိသားစုဝင် တစ်ဦးကလည်း “အစ်မက ရေသွားခပ်တာ၊ ရွာရဲ့ အပြင်က သောက် ရေတွင်းမှာ ရေခပ်နေတုန်း ကျည်ဆံက လာမှန်တာ။ သေနတ်ကျည်ဆံလို့ပဲ ထင်တယ်။ ဒီမနက်က အသံ တွေတော့ ကြားတယ်။ တိုက်ပွဲဖြစ်တာလား ဘာလားတော့မသိဘူး။ ရွာနားမှာ မြန်မာစစ်တပ်တော့ ရှိ တယ်။ အသံတွေကြားလို့ အားလုံးက ကြောက်နေတာပါ” ဟု ပြောသည်။

တင်းမကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကလည်း “ထွက်ပြေးတဲ့လူလည်း ထွက်ပြေးကြတယ်။ အနီး က ရွာတွေပေါ့၊ စစ်ဘေးလွှတ်တဲ့နေရာတွေကိုပေါ့ အားလုံးထွက်ပြေးနေကြရတယ်။ နီးစပ်ရာဆွေမျိုး တွေဆီကို သွားတဲ့လူတွေလည်းသွားကြတယ်၊ ကျောက်တော် ဘက်ကို ပြေးတဲ့လူတွေလည်း ပြေးကြ တယ်။ လိုင်းဆွဲတဲ့ စက်လှေတွေလည်း မရှိတော့ဘူးလေ။ တိုက်ပွဲဖြစ်တာနဲ့ ကြောက်ပြီး စက်လှေလည်း မရှိ တော့ဘူးလေ။ အခုက တောလမ်းကနေသွားကြတာ” ဟု ပြောသည်။

တင်းမရွာသူရွာသား တစ်ရာကျော်သည် ကျောက်တော်မြို့နှင့် ၁၆မိုင်ခန့်ေ၀းသည့် ကျင်းကြီးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျင်းကြီးရွာသားတစ်ဦးက ပြောပါသည်။

ကျောက်တော်မြို့ တင်းမာရွာ အထက်ဘက်တွင် ယခုလ ဒုတိယအပတ်မှ စတင်ပြီး ယနေ့အချိန်ထိ ပစ်ခတ်သံများ ဆက်တိုက် ကြားနေရပြီး အနီးအနားရှိ ကျေးရွာများမှ အရပ်သားပြည်သူများလည်း စိုးရိမ် ထိတ်လန့်နေကြသည်ဟု ဒေသခံများက ပြောသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here