မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံးရေး အစိုးရပြောဆိုမှု မရှိသေးကြောင်း PCG ပြော

0
203

၁၁ ဒီဇင်ဘာ ၂၀၂၀

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရ တို့အကြား တွေ့ဆုံဆွေးနွေးမူအတွက် အစိုးရဘက်မှ တင်ပြလာခြင်း မရှိသေးဘူးဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG က ပြောသည်။

အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ်မူတည်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရ တို့အကြား တွေ့ဆုံဆွေးနွေးမူမှာ အချိန်မရွေးဖြစ်လာနိုင်သည်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG က ပြောသည်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက “အစိုးရဖက်ကနေပြီးတော့မှ အဆင်သင့် ဖြစ်ရင်တော့ ဘယ်အချိန်လည်း ဖြစ်နိုင်တာပေါ့ လေ။ ဒီလအတောအတွင်းလည်း ဖြစ်နိုင်သလို နောက်လ လည်း ဖြစ်နိုင်တာပေါ့။ အဲဒါကတော့ အစိုးရ ပေါ်မှာ ပဲ မူတည်တယ်လေ။ အခုကလောလော ဆယ်တော့ အစိုးရ အဖွဲ့ကနေပြီးတော့ ဘာမှ တင်ပြလာတာ ပြောလာတာ မရှိသေးဘူးဗျာ” ဟု ပြောသည်။

အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှု အပေါ်အခြေခံပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့အား ပြန်လည် ပြောဆိုရမည်ဖြစ်သည့်အတွက် မြောက်ပိုင်းမဟာမိတ် အဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးမှုမှာ မည်သည့် အချိန် မည်သည့်နေရာတွင် ဖြစ်မည်ကို အတိအကျပြောရန်ခက်သည်ဟု PCG က ဆို သည်။

“မြောက်ပိုင်း အဖွဲ့တွေလည်းပဲ ပြန်ပြောတဲ့အပေါ်မှာ အိုကေဟုတ်ပြီ ဆိုရင်တော့ ဘယ်နေရာမှာ တွေ့မယ် ဘယ်အချိန် ဘယ်ရက် ဘယ်နေရာမှာ တွေ့မယ်ဆိုတာ အဲဒါဒုတိယအပိုင်း ပြန်လည်ဆွေး နွေးရမယ့် ကဏ္႑ပဲရှိတယ်လေ။ အခုက ဘယ်မှာတွေ့မယ်ဆိုတာ အတိအကျတော့ ပြောလို့ မရသေးဘူးဗျာ” ဟု ဦးလမိုင်ဂွမ်ဂျာ က ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် တပ်မတော်နှင့် အစိုးရတို့ နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအေ၀းတွင် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် နှင့် အပစ်မရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားရန်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု NRPC က ထုတ်ပြန်ထားသည်။

ထိုဆွေးနွေးမှုနောက်ပိုင်း NRPC နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဒီဇင်ဘာလ ၇ ရက် နေ့က Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် ဆယ်တောရို ဘော်ဒါ ဆောင် ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၉ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ “၀ ပြည်သွေး စည်း ညီညွှတ်ရေး တပ်မတော် UWSA ထိန်းချုပ်ရာဒေသ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေး ပွဲတွင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ကိစ္စရပ်အပြင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို သေချာခိုင်မာအောင် လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြ သည်ဟု ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရေး တာ၀န်ခံ ခိုင်သုခက မီဒီ ယာများကို ပြောဆိုထားသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးမည့် ပုံစံမှာ အစိုးရသစ် လက်ထက် တွင် ပြောင်းလဲလာနိုင်သော်လည်း လက်ရှိအချိန်ထိ မြောက်ပိုင်း မဟာမိတ် အဖွဲ့များ၏ တွေ့ဆုံ ဆွေးနွေး ရေး မူဝါဒမှာ ယခင်အတိုင်းသာ ရှိနေသေးသည်ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

“အရင်တုန်းက အဆက်အစပ်နဲ့ပဲ လေးဖွဲ့နဲ့ တစ်ပြိုင်နက်တည်းတွေ့ဖို့ပဲ ဆွေးနွေးထားတဲ့အပေါ်မှာ အခုလာ မယ့် ဒီအစိုးရ အသစ်ပြန်ဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ ဖွဲ့စည်းပုံ ဘယ်လိုပြောင်းလဲလာမလဲ မသိဘူး။ နည်း နည်းပါးပါးတော့ ပြောင်းလဲမှုတော့ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ မြင်တယ်ပေါ့လေ။ အဲဒီပြောင်းလဲ အပေါ်မှာ မူတည်ပြီးတော့မှ တစ်ဖွဲ့ချင်းလား တစ်ဦးချင်းလား ဘယ်လိုတွေ့ဆုံမလဲ ဆိုတာ ကတော့ ပြော လို့တော့ မရသေးဘူးပေါ့။ နောက်ဆုံးတွေ့ဆုံတဲ့ အဖြေအရတော့ လေးဖွဲ့စလုံးပဲ တစ်ပြိုင်တည်း လက်မှတ် ထိုးမယ် လေးဖွဲ့နဲ့အတူပဲ ဆွေးနွေးမယ်ဆိုတဲ့ ပုံစံပေါ့လေ။ အဲလိုပဲ နောက်ဆုံးသိရ တဲ့အခါကျ တော့ သူ့ရဲ့ သဘောထားက အဲဒီမူတော့ မပြောင်းဘူးလို့တော့ ပြောတာတော့ ကြားရတာလေ”

အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုက ရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

အဆိုပါ အဖွဲ့များသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်း COVID-19 ကပ်ရောဂါကြောင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲရှိနေခြင်းကြောင့် သော် လည်း ကောင်းတွေ့ဆုံဆွေးနွေးမှုမှာလည်း ပြတ်တောက်သွားခဲ့ရသည်။

ဦးလမိုင်ဂွမ်ဂျာ က “အခုက ဆွေးနွေးရေး တန်းလန်းနဲ့ မမျှော်လင့်ပဲ ကိုဗစ် ၁၉ ရောဂါကပ်ကြီးက ဆိုက် ရောက်လာတဲ့အခါကျတော့ ဒီဖက်လည်း လာလို့မရ ဟိုဖက်လည်း သွားလို့မရဆိုတဲ့ ပုံစံမျိုးလည်း ပြန်ဖြစ် ပြီးတော့ ရွေးကောက်ပွဲနဲ့ ပြန်တိုက်ဆိုင်နေတဲ့ အချိန်ကျတော့ ဒါတွေ အလုပ်ရှုတ်နေတဲ့အခါကျတော့ ရပ် တန့်သွားတဲ့ ပုံစံမျိုးဖြစ်တယ်ပေါ့လေ အခုကတော့ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲလည်း ပြီးသွားပြီ နောက်ပြီး ကိုဗစ် – ၁၉ ရောဂါလည်း အတော် အတန် နည်းနည်း ထိန်းချုပ်နိုင်တဲ့ အဆင့်အထိတော့ နည်းနည်းရှိလာပြီ ဆိုရင်ကတော့ ဆက်လက်ပြီး တော့ အစိုးရဖက်ကနေပြီးတော့မှ ဒါတွေကို ကမ်းလှမ်းလာပြီးမှ တွေ့ဆုံ ဆွေး နွေးနိုင်မယ်ဆိုရင်တော့ အမြန်ဆုံး တွေ့ဆုံလို့ရှိရင်တော့ အဆင်ပြေသွားနိုင်တယ်လေ ဒီလိုပဲမြင်တယ်လေ ကျနော်တို့” ဟု ဆက်ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပြီ ဖြစ်သကဲ့သို့ COVID-19 ကပ်ရောဂါကိုလည်း အနေအထား တစ်ခု အထိ ထိန်းချုပ်လာနိုင်သော အဆင့်အထိရောက်ရှိလာပြီး အစိုးရဖက်မှ ကမ်းလှမ်းလာပါက နှစ်ဖက် တွေ့ ဆုံဆွေး နွေးမှုများမှာ ပြန်လည်လုပ်ဆောင်နိုင်မည်ဟု PCG က ဆိုသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here