မြစ်ကြီးနား N’Jang Yang စစ်ပြေးဒုက္ခသည်များကို နေရာသစ်သို့ ထပ်မံ ရွှေ့ပြောင်း

0
210

မြစ်ကြီးနားမြို့ Trinity ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းတွင် ရောက်ရှိခိုလုံနေသော N’Jang Yang (အင်ဂျန်းယန်) မြို့နယ်မှ စစ်ဘေးသင့်ပြည်သူများကို စစ်ရှောင်စခန်းအသစ်သို့ အောက်တိုဘာ ၂၃ ရက်နေ့ ထပ်မံ ပြောင်းရွှေ့လိုက်သည်။

ဘုရားကျောင်းဝင်းတွင် နေထိုင်စဉ် နေရာကျဉ်းကြပ်ပြီး ထမင်းချက်စားရန်နေရာ အဆင်မပြေဖြစ်သောကြောင့် အားလုံးအတွက် အဆင်ပြေနိုင်မည့် ပလန အထက်တန်းကျောင်း နောက်ဘက်ခြမ်းဘက်ကို ရွှေ့ပြောင်းပေးခြင်း ဖြစ်ကြောင်း စခန်းသစ်မှ တာဝန်ခံ ဆရာ ဦး Brang Shawng ကပြောပါတယ်။

လက်ရှိစခန်းတွင် N’Jang Yang (အင်ဂျန်းယန်) မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် မိသားစု ၂၁၂ မှ လူဦးရေ ၉၅၆ ယောက် ခိုလှုံနေသော နေရာဖြစ်ပါသည်။

လွန်ခဲ့သည့် ဧပြီလ N’Jang Yang မြို့နယ်အတွင်း တပ်မတော် ထိုးစစ်ဆင်လာသည့်အတွက် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ထောင်ခန့် မြစ်ကြီးနားမြို့နယ် ဘက်ကို ထွက်ပြေးလာကြပါသည်။

Tang Hpre (တန်ဖရဲ) ရိုမန်ကတ်သလစ် ဘုရားကျောင်း တွင်လည်း စစ်ရှာင် ၁၀၀၀ ခန့် ခိုလှုံနေဆဲ ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here