စစ်ရှောင်မြေတွင် ကုမ္ပဏီ ငှက်ပျောစိုက်ရန် အမှုရှုံးနိမ့်သော်လည်း အယူခံ ဝင်ရန် ကြိုးစား

0
252

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် Ga Ra Yang ကျေးရွာသားများ၏ မြေနေရာများတွင် တရုတ် တစ်ရှူးငှက်ပျောစိုက်နေသည့် မလိ နဂါးကုမ္မဏီအား ဝိုင်းမော်သစ်တောဦးစီးဌာနမှ တရားလိုပြုပြီး အမှုရင်ဆိုင်ကြရာ မလိခ နဂါးကုမ္မဏီဘက်က အမှုရူံးခဲ့သော်လည်း အယူခံပြန်ဝင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ယခုအမှုနှင့် ပတ်သက်ပြီး အယူခံဝင်ရန်အတွက် ကုမ္မဏီဘက်က မြေနေရာ ငှားရမ်းထားကြသည့် ဒေသခံများ အား စက်တင်ဘာလ ၁၉ ရက်နေ့တွင် အစည်းအဝေး ခေါ်ယူကာ တိုင်ပင်ခဲ့ကြကြောင်း ဒေသခံများ မြေယာ ကာကွယ်စောက်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး Ah Ji (အဂျီး)က ပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း Ga Ra Yang (ဂါးရာယန်)ကျေးရွာသည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့်အတွက် မြေနေရာများအား လုပ်ကိုင်ခွင့်ပိတ်ထားသော်လည်း ယခုကဲ့သို့ တစ်ရှူးငှက်ပျောများ စိုက်နေကြသည့်အတွက် လွန်ခဲ့သော အချိန်များ၌လည်း ကုမ္မဏီနှင့် ဒေသခံများ ပဋ္ဌိပက္ခများဖြစ်ခဲ့ကြပြီး တစ်ချို့သော ကုမ္မဏီများသည် ဆက်လက်လုပ်ကိုင်ခြင်း မရှိဘဲ မလိခ နဂါးကုမ္မဏီ တစ်ခုတည်းသာ ဆက်လုပ်ကိုင်နေကြောင်းကိုလည်း ဒေသခံများ ပြောကြားချက် အရ သိရသည်။

Ga Ra Yang မြေနေရာသည် လွန်ခဲ့သော ၁၉၉၉ ခုနှစ် ဧပြီလတွင် ဝါးရှောင်ကြိုးပင် သစ်တောဧရိယာ အဖြစ် သတ်မှတ်ထားခဲ့ကြောင်း တစ်ရှူးငှက်ပျော ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနနှင့် ဝန်ကြီးချုပ်အထိ စာများထည့်ခဲ့ကြပြီးနောက် ဒေသခံများသည် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ထံသို့ သွားရောက်တွေ့ဆုံခဲ့သည့် အချိန်၌သာ သိရှိခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။ ထို့ကြောင့် သစ်တောဦးစီးဌာနမှ တရားဝင် ဆိုင်းဘုတ်များကိုလည်း ပြန်လည် စိုက်ထူခဲ့ကြသည်။

သို့သော်တိုက်ပွဲမဖြစ်ခင် ကာလတစ်လျှောက်လုံး Ga Ra Yang ကျေးရွာသားများသည် လုပ်ကိုင်စားသောက်ခဲ့ကြသည်။ တိုက်ပွဲများဖြစ်လာသည့်ချိန်တွင် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် သက်ဆိုင်ရာမှ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းထားသည့်အတွက် သစ်တောဦးစီးဌာနမှ တရားလိုပြုပြီး အမှုရင်ဆိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here