မတရားစွပ်စွဲခံ ကချင်ဆန္ဒပြ ခေါင်းဆောင် ၃ ဦးအမှု စွဲချက် ပယ်ဖျက်ပေးရန် WKC တောင်းဆို

0
164

အသရေဖျက်မှု ဖြင့် တရားစွဲဆခြင်းခံထားရသော ကချင်လူငယ် ဆန္ဒပြ ခေါင်းဆောင် ၃ ၏ စွဲချက် အမိန့်ကို ပယ်ဖျက်ပေးရန် WKC (ကမ္ဘာ့ကချင်တစ်မျိုးသား လုံးဆိုင်ရာ ကွန်ဂရက် ) မှ ယနေ့ တောင်းဆိုလိုက်ပါသည်။

တပ်မတော်၏ ထိုးစစ်ဆင်မှုများကြောင့် ပိတ်မိနေသော ပြည်သူများအား လွတ်မြောက်ရန်အတွက်သာ လုပ်ဆောင်သော ထိုသူ ၃ ဦးအား တပ်မတော်မှ တရားစွဲခြင်း သည် တရားမျှတမှု မရှိကြောင်း ပြောဆိုထားပါသည်။

“မြန်မာနိုင်ငံက ခုဒီမိုကရေစီဘက် ကို ပြောင်းလဲရန်လုပ်ဆောင်နေတဲ့ချိန်မှာ ဒီလို လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး ကြိုစားနေကြတဲ့ သူတွေကို မတရား ဖမ်းဆီးခြင်း၊အပြစ်တင်ခြင်းသည် တိုင်းပြည်ရဲ့ ရှေးရေးကို ထိခိုက်စေပါတယ်။ ခုလို ဆန္ဒပြ ခေါင်းဆောင် ၃ ဦးကို မတရား ဖမ်းဆီးမှုကို အစိုးရမှ တာဝန်ယူ ဖြေးရှင်းပေးသင့်တာကြောင့် တောင်းဆိုတာပါ။”ဟု ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ မှ အတွင်းရေးမှုး Mrs. Moon Nay Li ပြောပါသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်တွင် အစိုးရမှ တပ်မတော်ဖက်ကိုသာ ရပ်တည်ပေးခြင်းမဟုတ်ပဲ ပြည်သူလူထုကို အပြည့်အဝ ကာကွယ်ပေးသင့်ကြောင့် ၎င်းက ဆိုပါသည်။

ဆန္ဒပြခေါင်းဆောင် ၃ ဦး အမှုကိုစစ်ဆေးမှု ပုံမှန် ရှိနေပြီး ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့တွင် ဦး ဇော်ဂျတ် ၏ သက်သေများကို စစ်ဆေးခဲ့ပြီး စစ်ဆေးချက်အရ ဦးဇော်ဂျက်သည် မှန်ကန်မှုရှိသော အချက်များကိုသာ ပြောဆိုကာ လုပ်ဆောင်ခဲ့ကြောင်း သက်သေဖက်မှ ထွက်ဆို ခဲ့ကြောင်း ရှေ့နေ မုန်ဆိုင်းတူးက ပြောပြပါသည်။

နောက်ထပ်ရုံးချိန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ သို့ ထပ်မံ ထိန်းဆိုထား ကြောင်းသိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here