ကချင်ဆန္ဒပြ ခေါင်းဆောင် ၃ ဦးအမှု ပယ်ဖျက်ပေးရန် AI တောင်းဆို

0
120

တပ်မတော် အသေရေဖျက်မှုဖြင့် တရားရင်ဆိုင်နေရသော ကချင်ဆန္ဒပြ လူငယ်ခေါင်းဆောင် ၃ ဦး၏ အမှုကို အစိုးရအနေဖြင့် ချက်ချင်း ပယ်ဖျက်ပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ယနေ့ ထုတ်ပြန်ထားကြောင်း တွေ့ရသည်။

အသေရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တရားစွဲခံရသော ဦးလွမ်းဇောင်း ၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူ တို့ ၃ ဦးသည် တိုက်ပွဲတွင်း ပိတ်မိနေသော ပြည်သူ၂၀၀၀ ကျော် လွတ်မြောက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှု အကူညီ ရရှိရန် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သူများ ဖြစ်သောကြောင့် လွတ်ပေးရန် တောင်းဆိုထားသည်။

ကချင်လူငယ်များ၏ သပိတ်စခန်းကို ဧပြီလ ၃၀ ရက်ညနေ စတင်ခဲ့ပြီး နာရီပိုင်းအတွင်းပင် အာဏာပိုင်များမှ ရုတ်သိမ်းရန် ဖိအားပေးခဲ့သောကြောင့် မနောကွင်းသို့ ပြန်လည် စုရုံးခဲ့သည်။

ထိုသို လူငယ် သပိတ်စခန်းအား အစိုးရမှ ခွင့်မပြုမှု နှင့်ပတ်သက်ပြီး မေလ ၁ ရက်နေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ ခေါင်းဆောင် ၃ ဦးသည် တပ်မတော် အသေရေပျက်အောင်ပြောဆိုခဲ့သည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦး တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မေလ ၁၆ ရက်နေ့မှ စတင်ကာ မြို့နယ်တရားရုံးတွင် တပ်မတော်ဘက် တရားလိုများကို စစ်ဆေးပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့တွင် ထို ခေါင်းဆောင် ၃ ဦးအား စွဲချက်တင်ခဲ့သည်။

ထို့နောက် စွတ်စွဲခံရသူများမှ အမှုပယ်ဖျက်ပေးရန် ခရိုင်၊ ပြည်နယ်တရားလွတ်တော်သို့ လျှောက်တင်ခဲ့ သော်လည်း ပယ်ချခံရသည်ဟု ဆိုသည်။

ယနေ့ အောက်တိုဘာ ၁၅ တွင်လည်း စွပ်စွဲခံ ဒေါ်နန်ပူ၏ သက်သေ ၂ ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here