မြန်မာ့တပ်မတော်ကို ICC ပို့ရန် ကြိုးပမ်းမှု သြစတြေးလျား ကရင်အမျိုးသားအဖွဲ့-AKO ထောက်ခံ

0
143

ကရင် အပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအပေါ် မြန်မာစစ်တပ်၏ လူမျိုးတုံး သုတ်သင်သတ်ဖြတ်မှုကို အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)သို့ ပို့ဆောင်ရန် ကုလသမဂ္ဂတွင် အဆိုတင်သွင်းမှုများကို ထောက်ခံကြောင်း သြစတြေးလျားကရင် အမျိုးသားအဖွဲ့(AKO)က ပြောဆိုလိုက်သည်။

သြစတြေးလျားနိုင်ငံ၊ Perth(ပါသ့်)မြို့၊ Herb Graham Hall,38 Ashbury Crescent, Malabooka တွင် စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ကျင်းပသည့် သြစတြေးလျား ကရင်အမျိုးသားအဖွဲ့(AKO)၏ (၁၀)ကြိမ်မြောက် အထွေထွေညီလာခံ အစည်း အဝေး၏ အဖွင့်မိန့်ခွန်းတွင် ဥက္ကဌဖြစ်သူ စောလွင်ဦးက ထိုသို့ ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဗမာစစ်တပ်ရဲ့ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်စတဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ် လူမျိုးတုံးသုတ်သင်မှုကို ICC ခုံရုံးသို့ ပို့ ဆောင်ရန် ကုလသမဂ္ဂမှာ အဆိုတင်သွင်းမှုများကို ကျနော်တို့ထောက်ခံတယ်။ ဗမာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ တကယ် ရှိနေတယ်။ အလားတူ ကရင်ပြည်နယ်နဲ့ အခြားဒေသတွေမှာလည်း ဆယ်စုနဲ့ချီ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိနေတဲ့အ တွက်ကြောင့် AKO က ထောက်ခံတာဖြစ်ပါတယ်။”ဟု ၎င်းက ပြောဆိုခဲ့သည်။

AKO ၏ အထွေထွေ ညီလာခံ အစည်းအဝေးသို့ သြစတြေးလျားရှိ ပြည်နယ်(၆)ခုမှ ကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် အမေရိကန်နိုင်ငံမှ ဧည့်သည်တစ်ဦးအပါအဝင် စုစုပေါင်း (၄၆)ဦး တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှ AKO အဖွဲ့၏ (၂)နှစ်တာ လုပ်ဆောင်မှုများ တင်ပြဆွေးနွေးခြင်း၊ အကြံပြုဆွေးနွေးခြင်းနှင့် လာမည့် ၂၀၁၈-၂၀၂၀ခုနှစ်အတွက် တာ ဝန်ထမ်းဆောင်မည့် AKO အလုပ်အမှုဆောင်အသစ်များကို ရွေးချယ်တင်မြောက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင် သုံးရက်တာ ပြုလုပ်သည့် ၎င်းအစည်းအဝေးတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတို့အကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျယ်တဝင့် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်း ရေးဖော်ဆောင်နေသည့် ကာလတွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အတွင်း မြန်မာစစ်တပ်မှ နယ်မြေစိုးမိုးရေးလုပ် ငန်းများ လုပ်ဆောင်နေမှုအပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်အသီးသီးက ရှုတ်ချခဲ့ကြသည်။

ထိုအစည်းအဝေးသို့ တက်ရောက်လာသော စောလားခူဂျူးက “KNUနှင့် မြန်မာအစိုးရတို့ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြောင့် ပြည်တွင်းမှာ ကရင်နှစ်သစ်ကူးပွဲတွေ၊ ကရင့်ရိုးရာလက်ချည်ပွဲတွေ လွတ်လွတ်လပ်လပ် ပြုလုပ်လာနိုင်ကြတယ်။ ဒါပေမဲ့ တဖက်က ဗမာစစ်တပ်က ကရင်နယ်မြေတွေအပေါ် ရှေ့တိုးထိန်းချုပ်မှုတွေ ပြုလာတယ်။ လမ်းဖောက်၊ တံတားဆောက်နဲ့ သူ့ စစ်တပ်တွေကို အလျင်အမြန် ရွေ့လျားနိုင်အောင် ပြုတဲ့အတွက် ကရင်နယ်မြေတွေဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာတာ တွေ့ရတယ်။”ဟု ပြောသည်။

သြစတြေးလျား ကရင်အမျိုးသားအဖွဲ့(AKO)ကို ၁၉၉၆ခုနှစ်မှာ စတင်ဖွဲ့စည်းပြီးနောက် ၁၉၉၈ခုနှစ်တွင် တရားဝင်မှတ်ပုံတင်ကာ တရားဝင်အဖွဲ့အဖြစ် ကရင့်ရေးရာများကို လုပ်ဆောင်လျက်ရှိပြီး AKO ၏ အထွေထွေ ညီလာခံကို (၂)နှစ်တကြိမ် ကျင်းပပြုလုပ် လေ့ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here