အာရှလမ်းအတွက် လွန်းညတောင် အစားထိုးကျောက်ထုတ်ယူရန် နေရာရှာဖွေတွေ့ရှိထားဟု ပြည်နယ်အစိုးရ ပြောဆို

0
193

အာရှလမ်းမစီမံကိန်းအတွက် လွန်းညတောင်မှကျောက်ထုတ်ယူမှု ရပ်ဆိုင်းထားရပြီးနောက် အစားထိုးပြန် လည်ထုတ်လုပ်မည့်ကျောက်နေရာကို ဖာပွန်မြို့နယ်အတွင်း ရှာဖွေတွေ့ရှိထားကြောင်း ကရင်ပြည်နယ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောပြည်သာက ကေအိုင်စီ သို့ ပြောသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေဖြင့် China Road and Bridge Corporation (CRBC) ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်မည့် ကော့ကရိတ်-အိန္ဒု အာရှလမ်းအတွက် လိုအပ်သည့် ကျောက်များကို လွန်းည တောင်တွင် ထုတ်ယူခြင်းအား ပြီးခဲ့သည့် လအနည်းငယ်က ရပ်ဆိုင်းလိုက်ရသည့်အတွက် အစားထိုး ကျောက်ထုတ်ယူရန် ယခုကဲ့သို့ ကြိုးပမ်းမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။

လွန်းညတောင်အစားထိုး ကျောက်ထုတ်ယူရန်လျာထားသည့် နေရာမှာ ဖာပွန်မြို့နယ်၊ ကမော်လဲတောင် တွင်ဖြစ်သည်ဟုသိရပြီး အဆိုပါ တွေ့ရှိထားသည့် အစားထိုးကျောက်ထုတ်လုပ်မည့်နေရာနှင့် လက်ရှိဖြစ်ပေါ်နေ သည့်အခြေအနေများအပေါ် ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး စောပြည်သာက ယခုလိုပြောသည်။

“ နေရာအသစ်တော့ရှာတွေ့သွားပြီး ADBလည်း သွားကြည့်ပြီးပြီ။ ဒါပေမဲ့ ပြန်မဆက်သွယ်လာသေးဘူး။ အခုနေ ရာအသစ်ကလည်း ကုမ္ပဏီအဆင်သင့်ရှိထားပြီးဆိုတော့ ကုမ္ပဏီအသစ်နဲ့ ပြန်တွဲလုပ်ရင် CRBC ဘက်ကဘယ် လိုအခက်အခဲရှိလဲ၊ အရင်ချစ်လင်းမြိုင်ကုမ္ပဏီနဲ့လည်း ဘယ်လို စကားကျွံထားတာတွေရှိလဲ အဲဒါတွေ ကျနော် တို့မသိဘူးပေါ့။ ကျနော်တို့ချိတ်ဆက်ပေးတယ်။ လိုအပ်ရင်ပေါင်းစပ်ညှိနှိုင်းပေးတာပဲရှိတယ်” ဝန်ကြီး စောပြည်သာက စက်တင်ဘာ ၂၅ ရက်(ယမန်နေ့)တွင် ပြောသည်။

CRBC ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည့် အာရှလမ်းစီမံကိန်းအတွက် လိုအပ်သည့်ကျောက်များကို လွန်းည တောင်တွင် ကျောက်အကျင်းပေါင်း ၁၃၀,၀၀၀(တစ်သိန်းသုံးသောင်း)ထုတ်ယူရန် (၃) နှစ်စီမံကိန်းဖြင့် အစိုးရ မှ ခွင့်ပြုထားခဲ့သော်လည်း ဒေသခံများကန့်ကွက်မှုကြောင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေမထုတ်ပေးတော့ဘဲ လွန်းညတောင် ကျောက်ထုတ်လုပ်သည့်စီမံကိန်းကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

ကော့ကရိတ်-အိန္ဒုလမ်းအထိ အရှည်မိုင် ၄၁.၂၅ မိုင်( ၆၆.၄ ကီလိုမီတာ)ရှိသည့် အဆိုပါ စီမံကိန်းကို ယခင်က ADB ၏ ချေးငွေ ဒေါ်လာသန်း ၁၀၀၊ အာဆီယံ အခြေခံအဆောက်ဦး ရံပုံငွေ ဒေါ်လာသန်း ၂၀ နှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ ဒေါ်လာ ၁.၈ သန်းဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ကာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အဆုံးသတ် ရန်လျာထားသည့် စီမံကိန်းလည်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here