တရုတ်နယ်စပ် လူကုန်ကူးရပ်တန့်နိုင်ရေး တပ်မတော်မှ ထိုးစစ်အမြန် ရပ်သင့်

0
126

တရုတ်နယ်စပ် လူကုန်ကူးမှုလုပ်ငန်းများကို မြန်မာ့တပ်မတော်၏ ထိုးစစ်များနှင့် စစ်ရာဇဝတ်မှုများ ရပ်တန့်ခြင်းဖြင့်သာ ဖြေရှင်းနိုင်မည် ဟု ကချင် အမျိုးသမီး များအစည်းအရုံး- ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ တွင် တောင်းဆိုချက်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

လူကုန်ကူးခံရသူ အမျိုးသမီး အများစုမှာ မြန်မာနိုင်ငံမြောက်ပိုင်း ပဋ္ဋိပက္ခဒေသများမှ ဖြစ်ကြပြီး ယင်းနေရာများသည် မြန်မာ့တပ်မတော်က ၂၀၁၁ ခုနှစ်မှစ၍ တိုက်ပွဲများ ပြန်လည် စတင်လာခြင်းတို့ကြောင့် ဒေသခံကျေးရွာများကို ဖျက်စီးခြင်း၊ သတ်ဖြတ်ခြင်း၊ အရပ်သားများကို နှိပ်စက် အဓမ္မပြုကျင့်ခြင်း အပါအဝင် စစ်ရာဇဝတ်မူများကို ကျူးလွန်ခဲ့ကြသော နေရာများဖြစ်ကြောင်း သြဂုတ် ၂၇ ရက်တွင် ကုလသမ္မဂ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာတွင် ဖော်ထုတ်ထားကြောင်းရေးသားထားသည်။

ထိုသို့ မိမိတို့ဒေသတွင် စစ်ပြေးဒုက္ခနှင့် ရင်ဆိုင်ကြရပြီး မိသားစုကို ကျွေးမွှေးရန်၊ အခြား နည်းလမ်းများ မရှိတော့သည့်အတွက် အသက်အရွယ် အမျိုးမျိုးရှိကြသော အမျိုးသမီးများသည် တရုတ်နိုင်ငံတွင် အလုပ်ရှာဖွေရန် သွားရောက်ခြင်းဖြင့် လူကုန်ကူးသည့် အဖွဲ့များ၏ အလွယ်တကူ သိမ်းသွင်းမှုကို ခံရသော အန္တရယ်ရင်ဆိုင်နေရကြောင်း တောင်းဆိုချက်တွင် ဖော်ပြထားသည်။

လူကူးခံရသော အမျိုးသမီးများမှာ တရုတ်ယောင်္ကျားများနှင့် အတင်းအဓမ္မ လက်ထပ်ပေးခြင်းခံရပြီး သူတို့အတွက် ကလေးများ မွေးပေးခဲ့ရပြီး အခြားသူများမှာ လိင်လုပ်ငန်းအတွင်း အဓမ္မ သွတ်သွင်း ခံခဲ့ကြရသည်ဟု ရေးသားထားသည်။

ဤထုတ်ပြန်ချက်ကို ကချင် အမျိုးသမီး များအစည်းအရုံး- ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here