အစိုးရ NRPC အဖွဲ့နှင့် KIO တရုတ်ပြည် ကူမင်းတွင် မနက်ဖြန် တွေ့ဆုံမည်

0
275
ဗိုလ်ချုပ် ဂွန်မော် (ဘယ်) နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး တို့ ချင်းမိုင်တွေ့ဆုံပွဲ၊ ဇွန် ၂၊ ၂၀၁၆

တရုတ်အစိုးရ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ် အဖွဲ့ တို့ မနက်ဖြန် စက်တင်ဘာ (၅)ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံမည်ဖြစ်သည်။

အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)မှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး ဦးဆောင်သည့်အဖွဲ့ နှင့် KIO ဒု-ဥက္ကဌ ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်သော ဗဟိုကော်မတီ အဖွဲ့တို့ တွေ့ဆုံကြမည်ဖြစ်ကြောင်း ကချင်သတင်းဌာန KNG မေးမြန်းသိရသည်။

၁၉၉၄ ငြိမ်းချမ်ရေး စာချုပ် နှင့် ၂၀၁၃ စစ်ရှိန်လျှော့ချရေး စာချုပ် တို့ကိုအခြေခံပြီး အပစ်ခတ်ရပ်စဲနိုင်ရန် KIO ဘက် က ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော တပ်မတော် ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံ Dali (တာလီ)မြို့တွင် ယခုနှစ်အတွင်း ၂ ကြိမ် တွေ့ဆုံခဲ့သည်။ သို့သော်လည်း မည်သည့် သဘောတူညီချက်မှ မရဘဲ အစည်းအဝေး ပျက်ခဲ့ရသည်။

၂၁ ရာစုပင်လုံညီလာခံ အပြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး ဦးဆောင်သော NRPC အဖွဲ့နှင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်၂၀ ရက်နေ့ တွေ့ဆုံခဲ့ပါသည်။

တပ်မတော်နှင့် ဆွေးနွေးခြင်း ပျက်ခဲ့ရပြီးနောက် ယခု အစိုးရ NRPC ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခြင်းကို အကောင်းဘက်က မြင်ကြောင်း KIO ဒုဥက္ကဌ-၂ ဟောင်း နှင့် ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါက်တူးဂျာ ဆိုပါသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် အစိုးရ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးသော မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် KIO တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ယခု ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here