မိုးကုတ်မြို့နယ်အတွင်း တပ်နှင့် TNLA တိုက်ပွဲဖြစ်

0
374

နိုဝင်ဘာလ ၂၀ ရက်။ ၂၀၂၀ ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား ရွေးကောက်ပွဲ ပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

နို၀င်ဘာလ ၁၉ ရက်နေ့က တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် တပ်မတော်တို့အကြား မိုးကုတ်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန် ကြားရေး တာ၀န်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“မိုးကုတ် ရွှေညောင်ပင်နဲ့ လွယ်ယောက် ဒီမနက်ပေါ့နော ဒီမနက် ၆ နာရီခွဲလောက်ကနေ ၆ နာရီ ၁၅ အထိ ၁၅ မိနစ်လောက် ထိတွေ့မှုဖြစ်တယ်။ စကခ ၂၁ ခလရ ၂၂၃ နဲ့ သူတို့က ရွှေညောင်ပင်ဖက်ကနေပြီးတော့ ကျနော်တို့ဖက် ထိုးစစ်ဆင်တက်လာတော့ တိုက်ပွဲ ထိတွေ့မှု ခနလေးဖြစ်တာ။”

ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ရွေးကောက်ပွဲ ပြီးနောက် ပထမဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ပြီး တပ်မ တော်မှ ၎င်းတို့ရှိရာသို့ တက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု PSLF/TNLA ကပြော သည်။

ထို့အတူ ပြီးခဲသည့် နို၀င်ဘာလ ၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်ေ မြာက်ပိုင်းရှိ မူဆယ်မြို့ နယ်အ တွင်း တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု သိရ သည်။

KIA တပ်မဟာ ၆ ဒေသ တပ်ရင်း ၉ နယ်မြေတွင် တပ်မတော်၏ တပ်မ ၈၈ နှင့် KIA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သကဲ့သို့ တပ်ရင်း ၃၆ နယ်မြေတွင် တပ်မ ၉၉ နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်ကို အခြေခံပြီး Kachin News Goup (KNG) သတင်းဌာနက သတင်းရေးသားထား သည် ကိုတွေ့ရသည်။

အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ အတည်ပြုချက်ရယူနိုင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်၍ မရသကဲ့သို့ တပ်မတော် သတင်းမှန်ပြန်ကြား ရေး အဖွဲ့ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နို၀င်ဘာလ ၁၁ ရက်နေ့က မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့များ ဖြစ်သည့် PSLF/TNLA ပါ၀င်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က နို၀င်ဘာလ ၁၁ ရက်မှ ဒီဇင် ဘာလ ၃၁ ရက်နေ့အထိ အပစ်ရပ် ကြောင်း ထုတ်ပြန်ကြေညာထားသည်။

၎င်းတို့အနေဖြင့် အပစ်ရပ်ထားသော်လည်း တပ်မတော်မှ ယခင်အတိုင်း စစ်ရေးလှုပ်ရှားမှုများ ရှိနေဆဲ ဖြစ် သည်ဟု PSLF/TNLA က ပြောသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “စစ်ရေလှုပ်ရှား တပ်အင်အား အနေနဲ့ကတော့ ဘာမှ ပြောင်းလဲတာ မရှိဘူး အရင်ကအတိုင်းပဲ ထိုးစစ် တော် တော်များတယ်။ ဒါပေမယ့် ကျနော်တို့ဖက်ကလည်းပဲ ကိုဗစ်ကာလမှာ ကျနော်တို့ ဒီ အပစ်ရပ်သက်တမ်း တိုးထားတာ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး တိုက်ပွဲ မဖြစ်အောင် ကျနော်တို့က ရှောင်တယ်။ တိုက်ပွဲ ထိ တွေ့မှုက မရှိသလောက်ဖြစ်တယ်” ဟုပြောသည်။

ရွေးကောက်ပွဲ ပြီးနောက် တပ်မတော်နှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲများသည် အစိုးရ၊ တပ်မတော်နှင့် နှစ်ဖက်သဘောတူ ပဏာမ အပစ်ရပ်စာချုပ် Bilateral အပစ်ရပ် လက်မှတ်ရေး ထိုးနိုင်ရန် ညှိနှို်းနေသော်လည်း ပြေလည်မှု မရရှိသေးပေ။

ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် ကာလတွင် COVID-19 ကပ်ရောဂါဖြစ်ပွားလာသည့် အတွက် တွေ့ဆုံဆွေးနွေးမှုများမှာလည်း ရပ်တန့်သွားသည် မှာ ယနေ့အချိန်အထိဖြစ်သည်။

အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ် သည့် ရက္ခိုင့်တပ် တော် AA၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်မတော် MNTJP/MNDAA တို့ ပါဝင်သည်။

ထို့အပြင် ၎င်းအဖွဲ့များသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့များဖြင့် စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here