ဟင်္သာတ ကရင်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်ကျင်းပသူ ၅ ဦးကို အရေးယူရန်စီစဉ်

0
286
ဟင်္သာတ ကရင့်အာဇာနည်နေ့အခမ်းအနား Photo - UKS (maubin)

ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီ (KPP)ရုံး၌ သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် (၆၈) ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့သည့်အတွက် ဦးဆောင်သူ ၅ဦးကို အာ ဏာပိုင်များက ရပ်ကျေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူသွားရန် စီစဉ်နေကြောင်း သိရသည်။

ယမန်နေ့က ကရင့်အာဇာနည်နေ့ အခမ်းအနားကို မပြုလုပ်ရန် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးမှ တားမြစ်ခြင်း များရှိသော်လည်း အောင်မြင်စွာပြုလုပ်ခဲ့ပြီးနောက် ဦးဆောင်ကျင်းပသူ ၅ဦးကို အာဏာပိုင်များက ယနေ့ (သြဂုတ်လ ၁၃ ရက်) ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ယခုလို အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။

၎င်းက“အဲ့ဒီအခမ်းအနားနဲ့ပတ်သက်ပြီးေတာ့ ကျနော်တို့ကို တင်ပြတာက ဒီပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားနဲ့ ချည်ဖြူဖွဲ့အခမ်းအနားပဲ လုပ်မယ်ဆိုပြီး တင်ပြတာ ။ အာဇာနည်နေ့ အခမ်းအနား လုပ်လိုက်တော့ အာဇာနည်နေ့က တင်ပြတဲ့အထဲမှာ မပါတော့ အဲ့ဒါကို ကျနော်တို့က ရပ်ကျေးဥပဒေ ပုဒ်မ ၂၁မှာ တင်ပြတဲ့ အတိုင်း မလုပ်ပဲနဲ့ မတင်ပြတဲ့ဟာ လုပ်တဲ့အတွက် အဲ့ဒါကြောင့်မို့လို့ ရပ်ကျေးဥပဒေ ပုဒ်မ ၂၁နဲ့ ကျနော်တို့ အရေးယူမလို့။ ရပ်ကျေးဥပဒေဖြစ်တဲ့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးက အဲ့ဒါကိုတော့ တရားရုံးကို ဦး တိုက်လျှေက်ထားမှာ ဖြစ်ပါတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

တိုင်းဒေသကြီးညွှန်ကြားချက်အရ ကရင်ရိုးရာ ချည်ဖြူဖွဲ့ အခမ်းအနားနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအ နားကိုသာ ဆောင်ရွက်ခွင့် ပေးထားခြင်းဖြစ်ပြီး ၆၈ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ စသည့် အ ခမ်းအနားကို ကျင်းပခွင့်မပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားသည့်အတွက် အခမ်းအနားကို တားမြစ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယမန်နေ့ အခမ်းအနားအပြီးတွင် ဦးဆောင်ကျင်းပသူများ ဖြစ်သည့် မြို့နယ် ကရင်ပြည်သူ့ပါတီ ဥက္ကဌ စောကျော်ကြီး အပါအဝင် စောသန်းထွန်းသန်း၊ စောခူရှီးထူး၊ စောအောင်မွန်စိုးနှင့် KNU-ကရင်အမျိုးသား အစည်းအရုံး မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ(ဗဟို) ဗဟိုအလုပ်မှုဆောင်ကော်မတီ ပဒိုမန်းငြိမ်းမောင် တို့အား အရေးယူဆောင်ရွက်နိုင်ရေးအတွက် သြဂုတ်လ ၁၂ ရက်နေ့က အကြောင်းကြားစာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယနေ့ မနက် ၉ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးရုံးသို့ အဆိုပါ ပုဂ္ဂိုလ် ၅ ဦး သွားရောက်ရာတွင် အရေးယူရန် စီစဉ်နေသည်ကို ခေါ်ယူပြောဆိုခြင်းဖြစ်ကြောင်း အခမ်းအနား ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်သည့် ဟင်္သာ တမြို့နယ် ကရင်ပြည်သူ့ပါတီ ဥက္ကဌ စောကျော်ကြီးက ယခုလို ပြောသည်။

၎င်းက “သူတို့ခွင့်ပြုတာက လက်ချည်ပွဲနဲ့ ဆုပေးပွဲပေါ့နော်။ ဒါအပြင်ကို မဆိုင်တဲ့ အခမ်းအနားတွေ ပါလာ တဲ့ အခါကျတော့ အထက်ကအမိန့်အရ ကျနော်တို့ကို အရေးယူရမယ်လို့ စီစဉ်နေတယ်။ ဒီနေ့ထိတော့ အရေးမယူရသေးဘူးပေါ့နော်။ ဒီနေ့မှာ အဲ့ဒါကို ခေါ်ပြောတာပါ ” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်အာဇာနည်နေ့ အခမ်းအနားကို ဟင်္သာတမြို့နယ်တွင် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ကရင်အမျိုးသားသီချင်း သီဆိုခြင်း၊ ကရင့်အလံတော်အား အလေးပြုခြင်း၊ စောဘဦးကြီးနှင့်တကွ ကျဆုံးလေပြီးသော ကရင့်အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ မြို့နယ်အလိုက် ပန်းခွေချခြင်း၊ ဟောပြောခြင်းများအပြင် ကရင်ရိုးရာ လက်ချည်ပွဲကိုပါ ပူးတွဲကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်သည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို ကရင့်အာဇာနည် စောဘကြီး၏ မွေးရပ်ဇာတိ ဘဲကရက် အပါအဝင် မြောင်းမြမြို့နယ်နှင့် ပန်းတနော်မြို့နယ် စသည့် မြို့နယ်များ တွင် တားမြစ်ခြင်းခံရသလို ရန်ကုန်တိုင်းဒေသကြီးတွင်လည်း မကျင်းပနိုင်စေရန် ဖိအားပေးခံရခြင်းများနှင့် လည်း ကြုံတွေ့ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here