ခြိမ်းခြောက်မှုများကြားက ကျင်းပရသည့် ဟင်္သာတမြို့နယ် ကရင်အာဇာနည်နေ့ အခမ်းအနား

0
347

ယနေ့ (သြဂုတ် ၁၂ရက်) ကျရောက်သည့် (၆၈)ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ဧရာဝ တီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီရုံး၌ ကျင်းပရာ အာဏာပိုင်များ၏ ခေါ်ယူသတိပေး ခြင်းခံရမှုနှင့် ခြိမ်းခြောက်မှုများကြားမှ ကျင်းပပြုလုပ်ခဲ့ရကြောင်း ကျင်းပရေး တာဝန်ရှိသူများထံမှ သိရ သည်။

ဟင်္သာတမြို့နယ်အတွင်း ကရင့်အာဇာနည်နေ့အား ထိုသို့ အခက်အခဲများကြားမှ ကျင်းပရသည့် အခြေအနေများနှင့်ပတ်သက်ပြီး အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်သည့် ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီ ဥက္ကဌ စောကျော်ကြီးက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “ ပွဲစတာကနေစပြီး အကြိမ်ကြိမ်လာတားခံထိတယ်။ ၁၁ ရက်နေ့ကဆို ခရိုင်ရုံးကို ခေါ်တွေ့တယ်။ ညကဆိုရင် အခြိမ်းခြောက်ခံရတယ်။ ကရင်အာဇာနည်နေ့ဆက်လုပ်ရင် အင်အားသုံးပြီးတော့ လာပြီး အ ခမ်းအနားကို ဖျက်ဆီးမယ်။ ဒီမနက်ကျတော့ အဲ့လိုမဟုတ်တော့ပဲနဲ့ လာပြီးတော့ ခင်ဗျားတို့လုပ်ပါ။ လာမ နှောင့်ယှက်တော့ပါဘူး။ ပြီးမှ အရေးယူမယ်ဆိုပြီးတော့ အခမ်းအနားလည်း ပြီးရော ကျနော်တို့ကို အရေးယူ မယ်ပြောတယ် ” ဟု ပြောသည်။

ကရင်အာဇာနည်နေ့သည် ကရင်တစ်မျိုးသားလုံး၏ အထွဋ်အမြတ်ထားသည့် သမိုင်းဝင်နေ့ထူး နေ့မြတ် တစ်ခု ဖြစ်သည့်အတွက် ဟင်္သာတမြို့တွင် ယခုလို တတိယအကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအ နားကို ကျင်းပရခြင်းဖြစ်သည်ဟုလည်း စောကျော်ကြီးက ဆက်ပြောသည်။

ယနေ့ ကရင်အာဇာနည်နေ့ အခမ်းအနားတွင် ကရင်အမျိုးသားသီချင်း သီဆိုခြင်း၊ ကရင်အလံတော်အား အလေးပြုခြင်း ၊ စောဘဦးကြီးနှင့်တကွ ကျဆုံးပြီးသော ကရင့်အာဇာနည်ခေါင်းဆောင်များအား အလေး ပြုခြင်း၊ မြို့နယ်အလိုက် လွမ်းသူ့ ပန်းခွေများချခြင်း၊ ဟောပြောခြင်းများအပြင် ကရင်ရိုးရာ လက်ချည်ပွဲကိုပါ ပူးတွဲ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

အခမ်းအနားအပြီးတွင် ကရင်အာဇာနည်နေ့ ဖြစ်မြောက်အောင် ဦးဆောင်ကျင်းပသည့် ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီ ဥက္ကဌ စောကျော်ကြီး နှင့် KNU-ကရင်အမျိုးသားအစည်းအရုံး မဟာမိတ် ဆက်ဆံရေး ဌာန တာဝန်ခံ(ဗဟို) ဗဟိုအလုပ်အမှုဆောင် ကော်မတီ ပဒိုမန်းငြိမ်းမောင် အပါအဝင် အခမ်းအနားဖြစ် မြောက်ရေး ဦးဆောင် ပါဝင်သူ သုံးဦးကို သြဂုတ်လ ၁၃ရက်(နံနက်ဖြန်)နေ့တွင် မြို့နယ်ရုံးသို့ သွားရောက် အစစ်ဆေးခံရမည် ဖြစ်ကြောင်းလည်း ဦးဆောင်ကျင်းပသူများထံမှ သိရသည်။

ယခုလို ခြိမ်းခြောက်ခံရမှုများနှင့် ပတ်သက်ပြီး ပဒိုမန်းငြိမ်းမောင်က “ အခုလို တားမြစ်ပိတ်ပင်တာက တိုင်း ရင်းသားတွေရဲ့ ရိုးရာဓလေ့ ၊ ယဉ်ကျေးမှု ၊ သမိုင်းဝင်အမွှေအနှစ် အထိမ်းအမှတ်တွေကို လစ်လျှူရှုတာ ဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကို စော်ကားတာနဲ့ အတူူတူပဲ။ ကရင်တစ်မျိုးသားလုံးကို စော်ကားတာဖြစ် တယ်။ ဒီအကျိုးဆက်ကို သူတို့ တာဝန်ယူရလိမ့်မယ်။ ဒီလိုလုပ်တာက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး စတာတွေကို အများကြီး အခက်အခဲ ဖြစ်စေတယ် ” ဟုပြောသည်။

အဆိုပါ အခမ်းအနားတွင် ဟင်္သာတမြို့နယ်အပါအဝင် မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်၊ ဓနုဖြူ စသည့် မြို့နယ်များ နှင့် မအူပင်တက္ကသိုလ်ပေါင်းစုံမှ ကရင်လူငယ်များ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း လူဦးရေ တစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here