စတုတ္ထအကြိမ် ၂၁ပင်ညီလာခံသို့ မွန်ပြည်သစ်ပါတီဥက္ကဌနှင့် ဒုဥက္ကဌတို့ တက်ရောက်မည်

0
274

၃၀ ဇူလိုင် ၂၀၂၀

လာမည့် စတုတ္ထအကြိမ်မြောက် ၂၁ ပင်လုံ ညီလာခံကို မွန်ပြည်သစ်ပါတီအနေနှင့် ဥက္ကဋ္ဌ နိုင်ဟံသာနှင့် ဒု – ဥက္ကဋ္ဌ နိုင်အောင်မင်းတို့ ဦးဆောင်တက်မည်ဟု သိရသည်။

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပသွားရန်ရှိသည်။

“ဒီတစ်ကြိမ် ညီလာခံက လူဦးရေလျှော့ထားတယ်၊ EAOs ဘက်က တစ်ပါတီကို ၅ ဦးပဲ တက်ခွင့်ရမယ်။ မွန် ပြည် သစ်ပါတီအနေနဲ့ ပါတီ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌ ဦးဆောင်တဲ့ ၅ ဦး တက်မယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်း ရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

လတ်တလောဖြစ်ပွားနေသည့် Covid-19 ကူးစက်ရောဂါကြောင့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်မည့် လူဦးရေ အရေအတွက်လျှော့ထားသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီ၊ ပါဝင် ထိုက်သင့် ပါဝင်ထိုက်သူ စုစုပေါင်း ကိုယ်စားလှယ် ၂၃၀ ဦးသာ တက်ရောက်မည်ဟု သိရသည်။

စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ဆိုသည့် ကတိကဝတ် မျိုး လက်ရှိ အစိုးရသက်တမ်းတွင် ရရှိအောင် ကြိုးစားနေသည်ဟု နိုင်ဗညားလယ်က ဆက်ပြောသည်။

“အဓိကတော့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်နဲ့ ပတ်သက်တဲ့ တာဝန်ခံမှုန ရရှိဖို့ ကျနော်တို့ ကြိုးစား နေတယ်။ ဒီအစိုးရလက်ထက်မှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့် ကတိကဝတ်မျိုး ဒီစတုတၳအကြိမ် အစည်းအဝေးမှာ ချမှတ်နိုင်ဖို့ ကြိုးစားနေပါတယ်။”

ထို့အပြင် ဖက်ဒရယ်ဆိုင်ရာအခြေခံမူနှင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၂၀၂၀ ရွေးကောက်ပွဲအလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှု စသည့် ပြည်ထောင်စု အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်အောင်လည်း ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအပြီးတွင် နိုင်ငံရေးကဏ္ဍ (၁၂)ချက်၊ စီးပွားရေးကဏ္ဍ (၁၁) ချက်၊ လူမှု ရေးကဏ္ဍ (၄) ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ (၁၀) ချက် စုစုပေါင်း သဘောတူညီချက် (၃၇) ချက် ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

ပြီးခဲ့သည့် တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံတုန်းက ပြည်ထောင်စုသဘောတူညီချက် (၁၄) ချက် ရရှိခဲ့သော်လည်း ပြည်နယ်များ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဆိုင်သည့် ကိစ္စ၊ လုံခြုံရေးဆိုင်ရာ ကိစ္စ၊ ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော် စသည့် ကိစ္စများ ပြီးပြတ်အောင် မဆွေးနွေးခဲ့ပေ။

၂၁ ပင်လုံ ဒုတိယအစည်းအဝေးနှင့် တတိယအစည်းအဝေး နှစ်ခုပေါင်းတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများက အခြေခံမူ အချက် (၅၁) ချက်ကို ပြည်ထောင်စု သဘောတူ စာချုပ် (Union Accord) တွင် ထည့်သွင်းချုပ်ဆိုခဲ့သည်။

အားမီ(NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here