ယနေ့ မြန်မာအစိုးရ နှင့် KIO တို့ ချင်းမိုင်တွင် တွေ့ဆုံမည်

0
216

ယနေ့ ဇူလိုင် (၂၀)ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင် တို့ တွေ့ဆုံကြမည်ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး နှင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တို့ အပစ်အခတ်ရပ်စဲရေး ကိစ္စ ဆွေးနွေးသွား မည်ဟု KIO သတင်းရပ်ကွက်ကဆိုသည်။

ယခုဆွေးနွေးပွဲ ရလဒ်ပေါ် မူတည်ပြီး တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်အချင်းချင်းကြား တွေ့ဆုံဆွေးနွေးမှုများ တရုတ်နယ်စပ်တွင် ဆက်လက် ပြုလုပ်သွားရန်ဖြစ်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ (၁)ရက်နေ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် Dali မြို့တွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော တပ်မတော် ကိုယ်စားလှယ်အဖွဲ့ နှင့် ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့ တို့ တွေ့ဆုံခဲ့စဉ် အပစ်အခတ်ရပ်စဲရေးကိစ္စ KIO ဘက်မှ တင်ပြခဲ့သည်။

ထိုစဉ် တပ်မတော် ဘက်က လက်မခံဘဲ KIA ကို ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ် နှင့် အင်ဂျန်းယန်မြို့နယ် များတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် နောက်ထပ် စစ်ပြေးဒုက္ခသည် သစ် ၆၀၀၀ ကျော် ထွက်လာခဲ့ရသည်။

မေလကုန်ပိုင်း KIA ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်း ခေတ္တရပ်ထားပြီးနောက် နှစ်ဖက် ပြန်လည် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းသို့ ဦးတည်လာခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here