မင်းပြားမြို့နယ်အတွင်း တပ်နှင့် အေအေ (၃)ရက်ဆက် တိုက်ပွဲဖြစ်

0
318

photo: radiofree.org/

၂၃ ဇူလိုင် ၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့အကြား တိုက်ပွဲများ သုံးရက် ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ပြောသည်။

မင်းပြားမြို့နယ်အတွင်း ရက်ဆက် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများကြောင့်လည်း ဒေသခံပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှုများရှိနေပြီး စစ်တွေ-ရန်ကုန် ခရီးသွားလာသည့် ယာဉ်များပါ အသွားအလာများ ရပ်ဆိုင်းခဲ့ ရ သည်ဟု ဒေသခံများ က ပြောသည်။

မင်းပြားဒေသခံတစ်ဦး က “၂၀ ရက်နေ့ ည ၉ နာရီလောက်ဖြစ်မယ်ထင်တယ်၊ အဲ့အချိန်မှာ ကျနော်တို့ မင်းပြား ဖားပြိုရွာ(ချင်းရွာ)ပေါ့ အဲ့ဒီက ချင်းအမျိုးသမီး မတင်ကြည်ပေါ့ သူ့ကို သေနတ်ကျည် လာထိသွားတယ်လို့ ပြော တယ်။ ဘယ်သူပစ်လဲတော့ ကျနော်တို့လည်းမသိဘူးလေနော်။ ဒဏ်ရာက စိုးရိမ်ရတယ်လို့ ပြောတယ်။ ခြေ ထောက်ရော၊ ဒီနောက်ကျောမှာရော ထိတယ်လို့ပြောကြတယ်။ အဲ့ဒါဖြစ်တာက တစ်ရက်နော်။ ဒီနေ့လည်း ထပ်ဖြစ်တယ်။ ဖားပြိုရွာနားမှာပဲ တိုက်ပွဲဖြစ်တယ်လို့ ပြောကြတာပဲ” ဟု ပြောသည်။

“ဒီနေ့ကလည်း ပစ်နေကြတော့ ကားတွေကလည်း ထွက်လို့မရဘူး။ လူတင်ထားတဲ့ ကားတွေလည်းရှိတယ်။ နောက်ပြီး ကုန်တင်ကားတွေလည်း တန်းစီနေပြီ။ ရာမောင်တံတားနားမှာ အားလုံး ရပ်ထားရတယ်။ တိုက်ပွဲ ဖြစ်တယ်လို့လည်း ပြောကြတယ်ဗျ။ ကျနော်လည်း အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမယ့် အခုသေချာ တာကတော့ ပစ်ခတ်သံတွေ ကြားနေရတယ်။ ဒီနေ့ နေ့လည် ၁၀ ကျော် ၁၁ လောက် က စပြီး ဖြစ်နေတာ။ သေနတ်သံတွေရော၊ လက်နက်ကြီးအသံတွေရော ကြားနေရတာ။ ဘယ်သူကမှလည်း သွားမကြည့်ရဲဘူး လေ ဗျာ။”

အဆိုပါ ပစ်ခတ်မှုများကြောင့် ရာမောင်တံတားအနီး၊ စစ်တွေ-ရန်ကုန်ကားလမ်းပေါ်တွင် မော်တော်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် ကုန်တင်ကားများ ရာနှင့်ချီ ပိတ်မိနေသည်ဟု ဒေသခံများ က ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်၍ ဇူလိုင်လ ၂၂ ရက်နေ့ (ယနေ့) အချိန်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေသည်ဟု သိရသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် က “တိုက်ပွဲက တနင်္လာနေ့ ညနေ ၁၀ နာရီလောက်မှာ သေနတ်ပစ်တယ်။ အဲ့ဒီနေ့ညမှာ ဖားပြိုချင်းရွာက အမျိုးသမီးတစ်ဦး ထိသွားတာရှိတယ်။ မနေ့ကတနေ့လုံးလည်း ဖားပြိုချင်းရွာနားမှာ ဖြစ်တယ်။ ဒီနေ့လည်း ရာမောင်တံတားနားမှာ ဖြစ်တယ်။ မင်းပြား ကင်းတောင်တပ်ရင်းကတော့ လက်နက်ကြီးတွေနဲ့ ပစ်တာလည်း ရှိတယ်လို့ ကြားတယ်” ဟု ပြောသည်။

“ဟိုတနေ့ကတော့ ကားတန်းကို မိုင်းခွဲတာလည်းရှိတယ်။ တပ် ကား ၅ စီးကို မိုင်းခွဲတာပေါ့။ အဲ့ဒီမှာ ပစ်ခတ် တာလည််းရှိတယ်။ အပြန်အလှန် ပစ်ခတ်တာပေါ့။ ဒီမနေ့က နေ့လည်နောက်မှာဆိုရင်လည်း အပြန်အလှန် ပစ် ခတ်တာ။ ဒီနေ့ညနေပိုင်းအထိပဲ၊ နေ့လည်လောက်က စဖြစ်တာ ဒီနေ့ညနေအထိပဲ။ ပစ်ခတ်နေကြတာ။ အခု အပြန်အလှန်ပစ်ခတ်နေကြတော့ ဘယ်ကားကလည်း မသွားရဲဘူး။ မဖြတ်ရဲတော့ဘူး။ တနင်္လာနေ့ ညနေ ၉ နာရီကျော် ၁၀ နာရီကနေ ဒီနေ့ ညနေအထိဖြစ်နေတာ။ ပစ်လိုက်၊ ရပ်လိုက်ပေါ့။ ဘုန်းကြီးကျောင်းသား နှစ် ယောက်ကို ခေါ်သွားတာတော့ ကြားတယ်။ ဒါပေမယ့် ကျနော်တို့ကိုတော့ အကြောင်းကြားလာတာမရှိဘူး။ RFA မှာလည်း ဇာသပြင်ဘုန်းကြီး က မနေ့က ပြောသွားတာရှိတယ်။ လမ်းပြခေါ်သွားတယ်ဆိုပြီးတော့လေ။”

မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန် ကြားရေး တာဝန်ရှိသူများနှင့် ရက္ခိုင့်တပ်တော်(ULA/AA) တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

“ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ သင်တန်းသား အရာရှိ၊ စစ်သည်များ စီး နင်းလာသော တပ်မတော်အုပ်ချုပ်မှုယာဉ်တန်း တစ်ခုကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ယမန် နေ့ ည ၉ နာရီခန့်တွင် ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီး နေရာ ၆ နေရာမှ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော် စစ်ကြောင်းများက အချိန်မီသွားရောက် ပူးပေါင်း၍ စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ် သည်တချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဇူလိုင်လ ၂၁ ရက်နေ့ က ထုတ်ပြန်ထားသည်။

ထို့ကြောင့် “တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းအား ချောင်းမြောင်းပစ်ခတ်ခဲ့သည့်အတွက် အဆိုပါ AA အကြမ်း ဖက်သောင်းကျန်းသူများအား တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ် ကြောင်း သတင်းရရှိသည်” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် အခြားတစ်ဖက်တွင် ရက္ခိုင့်တပ်တော် AA ပါ၀င်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ၂၁ ရာစုပင်လုံညီလာခံကို FPNCC ၏ ဦးဆောင်မှု လမ်းညွှန်မှုနှင့်အတူ လုံခြုံရေး အာမခံချက် ရှိပါက တက်ရောက်မည်ဟု ထုတ်ပြန်ထားသည်။

အားမီ(NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here