၂၁ ရာစုပင်လုံညီလာခံ အပြီး အစိုးရ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား အပြန်အလှန် ပြန်လည် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။
ယခုလအတွင်း အစိုးရ နှင့် KIO အဖွဲ့ တွေ့ဆုံမည်ဟု သိရကြောင်း KIO ဒု ဥက္ကဌ ဟောင်း တစ်ဦး ဖြစ်သူ ၊၂၁ ပင်လုံညီလာခံ ဖြစ်မြောက်ရေး UPDJC အဖွဲ့ဝင် ဒေါက်တာ မနမ်တူးဂျာ မှ ပြောဆိုပါသည်။
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ KIO ဒု ဥက္ကဌ ဗိုလ်ချုပ်ဂွန်မော် တက်ရောက်ခဲ့တာဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါသည်။
အစိုးရနှင့် KIO သည် ယခုနှစ် ဖေဖော်ဝါရီလ တရုတ်နိုင်ငံ တာလီမြို့မှာ တွေ့ဆုံမှု နောက်ဆံးဖြစ်ပြီး ၅ လအကြာ နေပြည်တော်တွင် ပြန်လည် တွေဆုံခြင်း ဖြစ်ပါသည်။
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် နေပြည်တော် ညီလာခံ ကာလအတွင်း ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် ရှိနေကြောင်း သိရပါသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် NCA ကို ငြင်းပယ်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်ပါသည်။
ထို့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ၁၉၉၄ စစ်အစိုးရနှင့် အပစ်ရပ်သဘောတူထားသည့် လမ်းကြောင်းအတိုင်း ပြန်လည် ဆွေးနွေးသွားမည်ဟုလည်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်က ဇွန်လကုန် မိုင်ဂျာယန် လူထု ရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်ကို သိရပါသည်။