ဖားကန့် ဝှေ့ခါကျောက်စိမ်းမှော်အတွင်း ရေကန်ပြိုကျ၊ လူပေါင်း ရာချီကာ သေဆုံးဖွယ်ရှိဟုဆို

0
202

Photo: Myanmar Fire Services Department

၂ ဇူလိုင် ၂၀၂၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ဝှေ့ခါကျောက်စိမ်းမှော်တွင် ရေကန်ပြိုကျမှုကြောင့် လူပေါင်း ၃၀၀ နီးပါး သေဆုံးနိုင်ကြောင်း ဖားကန့်ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့ ယနေ့နံနက် ၈ နာရီခန့်က ဝှေ့ခါကျောက်စိမ်းမှော်အတွင်းရှိ ရေကန်ပြိုကျ မှုကြောင့် တစ်နိုင်တစ်ပိုင် ကျောက်တူးနေသည့် ဒေသခံများနှင့် ရေမဆေးကျောက်ရှာသူ ၃၀၀ နီးပါးခန့် သေဆုံးနိုင် သည်ဟု ဂွေခါဒေသခံ ဦးဘောမ်ဇုန်း ကပြောသည်။ ကချင်ပြည်နယ် သယံဇာတဝန်ကြီးကတော့ ယခုဖြစ်စဉ်တွင် လူပေါင်း ၁၅၀ကျော် သေဆုံးနိုင်ကြောင်း ဘီဘီစီသတင်းဌာနကို ပြောဆိုထားပါသည်။

မြေပြိုသည့် နေရာသို့ ရောက်ရှိနေသည့် ဦးဘောမ်ဇုန်းက “လာတူးတဲ့သူတွေက များတယ်။ လာတူးနေတဲ့ လူတွေက ဥပမာ လူပေါင်း တစ်ထောင် မဟုတ်ရင်တောင်မှ ရာကြီးလောက် လာတူးတယ်လေ။ ဆိုတော့ ရေကန်ကြီး လှုပ်လို့ ရေလှိုင်းထပြီးမှ ရိုက် ချသွားတဲ့လူက တော်တော်ပါနိုင် တယ်။ ၂၀၀၊ ၃၀၀ လောက်ပါ နိုင်တယ်။ ဒါက ခန့်မှန်းခြေပေါ့။ ကျနော်ခန့် မှန်းတာပေါ့ ။အခုက မမြင်ရသေးတဲ့ မတွေ့ရသေးတဲ့ အလောင်းတွေလည်း ရှိရင် ရှိမှာ အခု လောလောဆယ် မြင်နေရတဲ့ အလောင်းတွေလည်း လူတွေက အဲဒါ လည်းရှိတယ်။ အခုယူနေတုန်း အလောင်းကို ဆယ်နေတုန်း အဲလိုဖြစ်နေတာ” ဟု ပြောသည်။

သဘာ၀ပတ်၀န်းကျင်အရေးကို လုပ်ဆောင်နေသည့် ဖားကန့်ဒေသခံ ဦးနောင်လတ်ကလည်း “လူအသေ အပျောက်ကတော့ ၂၀၀ ၀န်းကျင်ပြောတယ်။ တစ်ချို့ကတော့ ၃၀၀ ၀န်းကျင်လောက်ရှိနိုင်တယ်ပြော တယ်။ ကျနော် ကုမ္ပဏီက တစ်ချို့ကို မေးကြည့်တဲ့အခါကျတော့ တစ်ချို့ဆိုရင် ၃၀၀၊ ၄၀၀ လောက် ကျောက် တူးတာပေါ့နော် အဲလိုပြောနေတယ်။ ဒီမနက်ကျတော့ ၂၀၀ ၀န်းကျင်ပေါ့ အဲလိုပြောနေကြ တယ်” ဟု ပြောသည်။

ရေကန်ပြိုကျသည့်နေရာသည် ကျောက်စိမ်းကုမ္ပဏီ သုံးခုဖြစ်သည့် ဧရာရတနာ၊ ရတနာကြယ်၊ တစ်သုံးလုံး၊ ဆိုသည့် ကုမ္ပဏီကြီး သုံးခု၏ ကျောက်စိမ်းလုပ်ကွက် အလယ်တွင်တည်ရှိသည့် ရေကန်မှ ပြိုကျလာ ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယနေ့နံနက်တွင် အဆိုပါ ရေကန်မှာ ဧရာရတနာ ကျောက်စိမ်းကုမ္ပဏီ၏ လုပ်ကွက်ဖက်မှ ပြိုကျလာခြင်း ဖြစ်ပြီး လက်ရှိတွင် အလောင်းတစ်ချို့ကို ဆယ်ယူ ရရှိထားသည်ဟု ဦးဘောမ်ဇုန်းက ဆက်ပြောသည်။

“အခုအထိတော့ ဆယ်နေတုန်းပဲ ကျင်းထဲမှာ ရေကန်ထဲမှာလည်းကျနော်တို့ မြင်နေရတာတောင်မှ အများ ကြီး ရှိသေးတယ်။မမြင်ရတာ ဘယ်လောက်ရှိသလဲ မသိဘူး။ အခုလောလောဆယ်က ၅၀ ကျော် ၆၀ နီး ပါးပေါ့ ရှိလောက်ပြီ။”

ဖားကန့်ကျောက်စိမ်းမှော်များတွင် မြေပြိုမှုကြောင့် လူအသေအပျောက်များရှိသော်လည်း ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုသည် ယခုနှစ်အတွင်း လူအသေအပျောက်အများဆုံးဖြစ်သည့် မြေပြိုမှု ဖြစ်သည် ဟု ဒေသခံများ ကပြောသည်။

လက်ရှိတွင် ဖားကန့်ကျောက်စိမ်းမှော်များတွင် ကုမ္ပဏီများက ကျောက်တူးဖော်မှုများကို ဇူလိုင်လ ၁ ရက် နေ့ မှ စတင်ကာ ၃ လတာ ရပ်နားထားမည်ဖြစ်ပြီး ဒေသခံများနှင့် ရေမဆေးရှာသူများက တစ်နိုင်တစ်ပိုင် တူးဖော်နေကြသည်ဟု ဆိုသည်။ ယခုလအတွင်း ဖားကန့်တွင် မိုးအဆက်မပြတ် ရွားသွန်းကြောင့် ကျော်စိမ်းမှော်များတွင် မြေပြိုမှုမှုများ မကြာ ခဏ ဖြစ်ပေါ်နေပြီး ယနေ့နံနက် ဖြစ်ပွားခဲ့သည့် မြေပြိုမှု အခြေအနေနှင့်ပတ်သက်၍ ဦးနောင်လတ် က ယခု လိုပြောသည်။

“ဖားကန့်မှာက မိုးရွာတာလေ မိုးရွာတာက တစ်လနီးပါးရှိနေပြီ စက္ကန့်မပြတ်ဘူး။ အဲဒါကျနော်တို့ ကုမ္ပဏီ တွေရဲ့ မြေဇာပုံတွေ တစ်ချို့တောင်ကိုဖြိုတော့ ဒီမြေကြောတွေ မရှိတဲ့အခါကျတော့ မြေသားတွေက ပြိုကျ ဖို့က အလွယ်တကူဖြစ်နေတဲ့အခါကျတော့ တစ်ချို့ကုမ္ပဏီက ရာသီသိမ်းပြီးတော့ ကုမ္ပဏီက နားတယ်။ အဲမှာ တူးတဲ့သူတွေကလည်း တူးနေတာပေါ့နော တူးနေတယ်။ မိုးကလည်း ပြန်ရွာတယ်ဆိုတော့ မြေသားတွေက မြေကြောမရှိတော ့ဒီမနက် ၈ နာရီမှာ ပြိုကျတာပေါ့နော်။”

ပြီးခဲ့သည် ဇွန်လ ၂၃ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ် ဆိုင်းတောင်ရှိ ကျောက်စိမ်းလုပ် ကွက်ဟောင်း တစ်ခုတွင် ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးရှာသူ ၂ ဦးသေဆုံးပြီး၊ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားရခြင်းမှာ အစိုးရ၏ လက်ရှိ ကျောက်မျက်လုပ်ကွက်များတွင် ကျင့် သုံးနေသည် ဥပဒေများမှာ လက်တွေ့အရ ကျင့်သုံးမှု အားနည်းနေခြင်း၊ ကျောက်မျက်တူးဖော်သည့် ကုမ္ပ ဏီများဖက်မှလည်း ဥပဒေအတိုင်း လိုက်ပါလုပ်ဆောင်မှု မရှိခြင်း၊ အားနည်းခြင်းနှင့် သဘာ၀ပတ် ၀န် ကျင်း ပျက်ဆီးခြင်း၏ နောက်ဆက်တွဲ ဂယက်များဖြစ်သည်ဟု ဦးနောင်လတ်က ပြောသည်။

“အခုလို ခဏခဏ ဖြစ်နေတာဆိုတာက ကျနော်တို့ ဥပဒေအတိုင်းလိုက်နာတာ မလိုက်တာက ကျနော် မ ပြောချင်ဘူး။ လက်ရှိတော့ ကျောက်စိမ်းလုပ်ဌာနတွေသည် ဌာနဆိုင်ရာရဲ့ ညွှန်ကြားမှုအောက်မှာ မရှိ ဘူး ဆိုတဲ့အပိုင်းပဲ မြင်တယ်။ ပြီးရင် ဒုတိယ ကုမ္ပဏီအနေနဲ့ ဒီတူးနေတဲ့အချိန်မှာ သူ့ရဲ့ လေးဖက် လေးတန် လက်တွေ့ကွင်းဆင်းစစ်ဆေးမှု အရလည်း အားနည်းတယ် နောက်တစ်ခါ သဘာ၀ပတ် ၀န်းကျင်ထိန်း သိမ်း မှု အားနည်းတယ်။ နော်ကဆက်တွဲ ဂယက်ပေါ့ အဲဒီ ၃ ချက်ပေါ့နော်။”

လက်ရှိတွင်ကယ်ဆယ်တူးဖော်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာမှ အုပ်ချုပ်ရေးပိုင်းတွင် တာ၀န်ရှိသူများ၊ တပ်မတော်သားများနှင့် ရဲများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ စေတနာ့၀န်ထမ်းများ၊ ဘာသာရေး အဖွဲ့အ စည်းများ၊ ဒေသခံများမှ စုပေါင်း လုပ်ဆောင်နေကြသည်ဟု ဆိုသည်။

ဖားကန့်တွင် ကျောက်တူးဖော်မှု လုပ်ငန်းကို အစိုးရနှင့် ကျောက်တူးဖော်သည့် ကုမ္ပဏီများက အကျိုးတူ တူးဖော်မှုများကို လုပ်ဆောင်လာသည့် ၅ နှစ်တာ ကာလအတွင်းတွင် လူထောင်နှင့် ချီသေဆုံးမှုများ ဖြစ်ခဲ့သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ယခုလက်ရှိ အခြေအနေများအောက်မှ ဖြစ်ပေါ်လာသည့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန်နှင့် ပရမ်းပတာ ကျောက်တူးဖော်သည့် ကုမ္ပဏီများကိုလည်း ဥပဒေဖြင့် ထိရောက်စွာ မည်ကဲ့သို့ ထိန်းကျောင်းရမည်ကို စဉ်စားရန်လိုသည်ဟု ဆိုသည်။

ထို့အပြင် ကုမ္ပဏီများဖက်မှလည်း လက်ရှိ အခြေအနေများကို အဖက်ဖက်မှ စဉ်းစားပြီး သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် လိုသည်ဟု ဒေသခံများက ပြောသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here