KIA တပ်ရင်း ၁၄ ဌာနချုပ်အနီး တိုက်ပွဲဖြစ်

0
307

၂၁ ရာစုပင်လုံညီလာခံ စတင်ရန် ရက်ပိုင်းအလို ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ တွင် မြန်မာအစိုးရတပ်များ အင်အားတိုးချဲ့ လှုပ်ရှားလာမှုကြောင့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရပါသည်။

ဇူလိုင်လ ၈ရက်နေ့တွင် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ ဌာနချုပ်သွားလမ်း နေရာတွင် နှစ်ဖက်တပ် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူုးကြီးနော်ဘူပြောပါသည်။

“အားလုံးကြားသိကြတဲ့ အတိုင်းဘဲ ဇူလိုင်လ ၈ရက်နေ့က တနိုင်းမြို့ KIA တပ်မဟာ ၂ ဘက်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တယ်။” ဟုပြောပါသည်။

ထို့အပြင် ဇူလိုင် ၉ ရက်နေ့ ကားမိုင်းတွင် ရောက်ရှိနေသော အစိုးရတပ် စစ်ကား ၁၆ စီးသည် KIA တပ်မဟာ ၉ ဖားကန့်ဘက်ကို စစ်အင်အား တိုးချဲ့ရန် ဦးတည်သွားခဲ့သဖြင့် တိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here