ထီးလင်းမှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က လမ်းပြအဖြစ် အသုံးပြုနေ

0
154

၁၀ နိုဝင်ဘာ ၂၀၂၂

မကွေးတိုင်း ထီးလင်းမြို့မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို အကြောင်းမရှိအကြောင်းရှာပြီး ဆက်တိုက်ဖမ်းဆီးနေသလို ဖမ်းဆီးခံရသူတွေကိုလည်း စစ်ကြောင်းထိုးချိန်မှာ လမ်းပြအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို ဖမ်းဆီးခဲ့ပြီးနောက် ရဲစခန်းမှာ ချုပ်နှောင်ထားတာမရှိဘဲ စစ်ကြောင်းထိုးချိန်မှာ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ လုပ်ဆောင်နေတာပါ။

“ဒီလထဲမှာပဲ ခြောက်ဦးရှိနေပြီ။ လေးဦးကို စခန်းမှာမတွေ့ရဘူး။ စစ်ကြောင်းထိုးတာကို လမ်းပြခေါ်သွားတာဖြစ်မယ်။ အရင်ကလည်း အဲလိုလမ်းပြခေါ်ပြီး ပြန်လွတ်လာတာတွေတော့ရှိတယ်။ မနေ့ညကလည်း NLD အလုပ်အမှူဆောင်အပါအဝင် နှစ်ဦးကို ထပ်ပြီးတော့ဖမ်းတယ်။” လို့ ထီးလင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ထီးလသ်းမြို့က အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး (၁၅) ရက်ကျော်ကြာပြီးနောက်မှာတော့ အလောင်းကိုသာ ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထီးလင်းမြို့ပေါ်က ပြည်သူတွေကို မကြာခဏ ဖမ်းဆီးတာတွေလုပ်ဆောင်နေကာ ငွေပေးပြီး ပြန်လွှတ်ပေးတဲ့ အခြေအနေတွေရှိနေသလို ဖမ်းဆီးခံထားရပြီး ပြန်လည်လွှတ်မြောက်လာတာ မရှိတဲ့သူတွေလည်း (၁၀) ဦးကျော်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၂၄၂၄) ဦးအထိရှိနေပြီး ဖမ်းဆီးခံထားရသူ (၁၆၁၁၆)ဦး ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here