ဖမ်းဆီးခံ အင်းတော်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၂ ဦး အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ရိုက်နှက်ခံထားရ

0
116

၃ နိုဝင်ဘာ ၂၀၂၂

ကသာမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် အင်းတော်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကြောရေးသို့ပို့ဆောင်လိုက်ပြီး တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အထိ ရိုက်နက်ခံထားရကြောင်း သတင်းရရှိသည်။

အင်းတော် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးသည် ကသာမြို့နယ် မိုးတားကျေးရွာသို့ ဆိုက်ကယ်ဖြင့် ဆေးသွားပို့စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီးနောက် ကသာ ခမရ ၃၀၉ တပ် စစ်ကြောရေးသို့ ပို့ခံလိုက်ရခြင်းဖြစ်သည်။

“မိုးတားကြီးဘက်ကို ဆေးသွားပို့တော့ အတွင်းဒလံကြောင့် ဖမ်းခံလိုက်ရတာ ခါတိုင်းဆိုအဲ့ဂိတ်မှာ စစ်လေ့မရှိဘူး သတို့သွားတဲ့ အခါကျမှ စစ်တော့ သေနတ်တွေပါသွားတယ်။ စစ်ကြောရေးထဲမှာ ရိုက်နက် စစ်ဆေးတော့ တစ်ယောက်က ဒဏ်ရာပြင်းထန်ပြီး ကျန်မာရေးစိုးရိမ်ရတယ်”ဟု ပြောဆိုသည်။

အင်းတော်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးမှာ အသက် ၂၇ နှစ်အရွယ် မောင်ကျော်လင်းထွန်းနှင့် အသက် ၃၅ နှစ်အရွယ် အောင်ကိုမင်းတို့ဖြစ်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်မြို့အပါ ကသာနယ်နှင့် အခြားမြို့နယ်များတွင် ယခုနှောက်ပိုင်း စစ်ကောင်စီတပ်မှ စစ်ဆေးရေးတင်ကြပ်ပြီး ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here