စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များအား တာဝန်မှ နုတ်ထွက်ရန် မြိတ်-ပကဖ သတိပေး

0
187

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်။

မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းက ရပ်ကွက်အချို့တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများအား အဖွဲ့တာဝန်များမှ နှုတ်ထွက်ရန်နှင့် ဆက်လက် လုပ်ဆောင်ခြင်းမပြုကြရန် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သတိပေးလိုက်သည်ဟု ဒေသခံများက ပြောသည်။

ယခု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သတိပေးလိုက်သူ ပျူစောထီးအဖွဲ့ဝင်မှာ ၁၀ ဦးရှိသည်။

အင်းလေးမြိုင် မီးလောင်ပြင်ရပ်ကွက်နေ အသက် ၄၀ ခန့်အရွယ် ရပ်ကွက်သားတစ်ဦးက “ဒီလိုသတိပေးလိုက်တာ ကောင်းပါတယ်။ အာဏာပြပြီး ရမ်းကားနေတာတွေ တန့်သွားတာပေါ့။ အခုက စစ်တပ်ထက် သူတို့ကို ပို ကြောက်နေကြရတာ” ဟု ပြောသည်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပျူစောထီးများအား အဖွဲ့တာဝန်များမှ နှုတ်ထွက်ရန်နှင့် ဆက်လက်လုပ်ဆောင်ခြင်းမပြုကြရန် ထုတ်ပြန်ချက်စာစောင်ကို သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အတွင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ အကြိမ်ကြိမ် သတိပေ တားမြစ်နေခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ရပ်ကွက်နေပြည်သူများအပေါ် စစ်ကောင်စီ ကျောထောက်နောက်ခံထား၍ လက်နက်အားကိုးဖြင့် ထင်ရာစိုင်း ရမ်းကားနေသူများ၏ အမည်စာရင်းများကိုလည်း ထည့်သွင်းဖေါ်ပြထားသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင်များမှာ မြိတ်တောင်ကျေးရွာမှ ၃ ဦး၊ ကလွင်ကျေးရွာမှ ၃ ဦးနှင့် ရေပုန်းနယ်မြေမှ ၄ ဦး၊ စုစုပေါင်း ၁၀ ဦးကို အမည်များဖြင့် အတိအကျထုတ်ပြန်ပြီး သတိပေးလိုက်ခြင်းဖြစ်သည်။

မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ သတိပေးတားမြစ်နေသည်ကို လိုက်နာခြင်းမရှိပဲ ထင်ရာစိုင်းရမ်းကားနေသော ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးမှာ မြိတ်တောင်ကျေးရွာက ဦးစိုးသိန်း၊ ဦးညီညီထွေး နှင့် ဦးဝင်းလှိုင်၊ ကလွင်ကျေးရွာက ဦးဇော်နိုင် (ခ) နောင်တိုး၊ ဦးကျော်ဆန်းဝင်း၊ ဦးစိုးသိန်း၊ ရေပုန်းနယ်မြေက ဦးနေဝင်းထွန်း၊ ဦးကျော် ရှိန်၊ ဦးမောင်ဦး နှင့် ဦးမြတ်သူ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ နာမည်ဆိုးနှင့် ကျော်ကြားနေသူ ပျူစောထီးအဖွဲ့ဝင်များ၏ မိသားစုနှင့် မွေးချင်းမောင်နှမစာရင်းများကိုလည်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နေရပ်လိပ်စာ အတိကျရရှိထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် သတိပေးဖေါ်ပြထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here