တောင်ကြီးမြို့ တပ်နယ်မြေဧရိယာပေါ်ရှိ ဆိုင်ခန်းများကို စစ်ကောင်စီ ဖယ်ရှားခိုင်း

0
178

၂၂ သြဂုတ် ၂၀၂၂

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဧရိယာဟု သတ်မှတ်ထားသော နယ်မြေများတွင် ရောင်းချနေသည့် ဆိုင်ခန်းများကို စစ်ကောင်စီအုပ်စုမှ ဖယ်ရှားခိုင်းကြောင်း စုံစမ်းသိရသည်။

တောင်ကြီး စစ်တပ်နယ်မြေဟု သတ်မှတ်ထားသော အနောက်မြို့ပတ်လမ်းရှိ မောချယ်ရီကားဂိတ်များ အနက်သစ်တောဂိတ် ဧရိယာ၊ (212) ဈေး တဝိုက်ရှိသော ဆိုင်ခန်းများ၊ မြို့၏ အရှေ့ဘက် တောင်တန်းရှိ ရွှေဘုန်းပွင့်နှင့် မြစိမ်းတောင်ဘုရား စသည့် တပ်ပိုင်နယ်မြေဟု သတ်မှတ်ထားသော နယ်မြေများပေါ်ရှိ ဆိုင်ခန်းများ တောက်လျောက်ဖယ်ရှားခိုင်းကြောင့် တောင်ကြီးဆိုင်ခန်း ငှားနေသူတစ်ဦးထံမှ သိရသည်။

“မောချယ်ရီကားဂိတ်ကို ပြောင်းရွှေ့ခိုင်းမယ်ကတည်းက သူတို့တောက်လျောက် လုပ်နေတာပဲ။ အခု (212) ဈေးနားမှာ ရှိတဲ့ဆိုင်ခန်းတွေလည်း ဖယ်ရှားခိုင်းနေတယ်။ တောက်လျောက် သူတို့တပ်ပိုင် သိမ်းထားတဲ့ နယ်မြေမှာတော့ အခုလိုပဲ ဆက်လက် ဖယ်ရှားခိုင်းနေတယ်လို့ ကြားရတယ်“ ဟု ၎င်းဆိုင်ခန်းငှားနေသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီမှ တပ်ပိုင်နယ်မြေဟု သတ်မှတ်ထားသော နယ်မြေပေါ်ရှိ ဆိုင်ခန်းများ ပြောင်းရွှေ့ခိုင်းရာမှ စစ်ကောင်စီတပ်ဖွဲ့များက စီးပွားတစ်ခုလုပ်ဆောင်နေကြောင်း တောင်ကြီးဒေသခံ အသက် (၄၀) ကျော် အမျိုးသားတစ်ဦးက သုံးသပ်ထားသည်။

“ကျနော် အမြင်ခန့်မှန်းချက်ကတော့ လုံခြုံရေးအရ ရွှေ့ခိုင်းတာလား။ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို ချထားချင်လို့လား။ ဒီတပ်မြေနယ်ကို သူတို့ကအဆောက်အအုံတစ်ခုတွေလုပ်ပြီး စီးပွားရေးအတွက် လုပ်ချင်နေတဲ့ ပုံစံမျိုးလို့ ကျနော် အဲ့လိုထင်တယ်“ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိကာလသည် မြန်မာတဝှမ်းလုံး ကုန်စျေးနှုန်းမြင့်တက်မှု၊ ဆီစျေးနှုန်းမြင့်တက်မှုကြောင့် စီးပွားရေးကျဆင်းနေချိန် စစ်ကောင်စီ၏ မူဝါဒ မကြာခဏ ပြောင်းလဲမှုသည်လည်း ပြည်သူများ စိုးရိမ်သောကများဖြင့် နေထိုင်နေရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here