အလုပ်ထုတ်၊ လိုင်းခန်းပြောင်းခိုင်းနေသဖြင့် မြစ်ကြီးနားမြို့မှ CDM မီးရထားဝန်ထမ်းများ အခက်ကြုံနေ

0
114

၂၀ ဇန်နဝါရီ ၂၀၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် CDM ပြုလုပ်ထားသူ မီးရထားဝန်ထမ်းများ အလုပ်မှ ထုတ်ပယ်ခံရပြီးနောက် နေအိမ်လိုင်းခန်းများကပါ ဖိအားပေးပြောင်းခိုင်းနေသဖြင့် အခက်အခဲဖြစ်နေကြရသည်ဟု CDM ခေါင်းဆောင်တစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် မီးရထားဝန်းအတွင်း နေထိုင်နေကြသည့် CDM ဝန်ထမ်းများကို ၇ ရက်အတွင်း နေအိမ်လိုင်းခန်းများမှ ဖယ်ရှားပေးရန်အတွက် ဇန္နဝါရီလ ၁၅ ရက်နေ့ ရက်စွဲဖြင် ထုတ်ပြန်လိုက်သည့် သတိပေးစာကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်မတ်လက ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး ယခုနှစ်ဆန်းပိုင်းတွင် နေအိမ်လိုင်းခန်းများမှ ပြောင်ရွှေ့ခိုင်းရာတွင် အချို့ဝန်ထမ်းများက နေထိုင်ရေးအတွက် ငွေကြေးအခက်အခဲများ ရှိနေကြသည်ဟု သိရသည်။

CDM ဝန်ထမ်းအများစုသည် အပြင်တွင်နေရန် နေရာထိုင်ခင်းအတွက် အဆင်မပြေဘဲ အလုပ်အကိုင်လည်း မရှိကြသဖြင့် အိမ်းငှားခလည်း မတတ်နိုင်ကြဘူးဟု ဆိုကြသည်။

“ဟိုနေရာကို အကူအညီတောင်းလိုက်။ ဒီနေရာကို အကူအညီတောင်းလိုက်နဲ့ အဲ့လို အခက်အခဲတွေ အများကြီးပဲ။ ခုနှစ်ရက်အတွင်း ပြောင်းရမယ်၊ မဖယ်ရင် တစ်ခုခုများ အန္တရာယ်လုပ်မလား ဖမ်းမလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိနေကြတယ်” ဟု CDM ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယခု သတိပေးစာရရှိထားသည့် အိမ်ထောင်စု ၁၅ စု၊ လူဦးရေအားဖြင့် အယောက် ၂၀ ကျော်က အပြင်တွင် သွားရောက်နေထိုင်ရန် အဆင်မပြေကြသူများဖြစ်ကြသည်။

ထို့ကြောင့် ယနေ့အချိန်ထိ လိုင်းခန်းတွင် ကျန်နေခြင်းဖြစ်သည်ဟု သိရသည်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းလိုက်သည့်အချိန်တွင် မြစ်ကြီးနားမြို့၊ မြန်မာ့မီးရထားက CDM ပြုလုပ်ထားသူ ဝန်ထမ်း ဦးရေ အယောက် ၇၀ ကျော်ရှိသည်ဟု သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here