ဖရူဆိုမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတစ်ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်မှ အကြောင်းမဲ့ပစ်သတ်သွား

0
139

၇ စက်တင်ဘာ ၂၀၂၁

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ထီးပေါ်ဆိုကျေးရွာမှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာ ၆ရက် ညနေပိုင်းမှာ အကြောင်းမဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မနေ့ကဖြစ်စဉ်က ကဒါးလားရွာနားရောက်တဲ့အချိန်မှာ စစ်ကောင်စီက လက်နက်ကြီးကော လက်နက်ငယ်ကော သူတို့ ပစ်ခတ်မှုတွေလုပ်တယ် ဘယ်သူမှ မတိုက်ခိုက်ဘဲနဲ့ပေါ့။ ရွာသားတွေက ဒါကိုကြောက်ပြီးမှ စစ်ဘေးရှောင် စခန်း သွားကြတယ်။ စစ်ကောင်စီက ညနေ ၅နာရီလောက်မှာက ထီးပေါ်ဆို စာသင်ကျောင်းနားလေးရောက်ပြီ။ ဒေါညေးခူရွာနားလည်းရောက်ပြီ ရွာသားက သူ့အိမ်အောက်က နွားတွေကို လွှတ်ဖို့ပြန်သွားတာတဲ့။ အဲ့ချိန်မှာ ရွာထဲရောက်တဲ့အချိန် ဆိုင်ကယ်မောင်းလာတဲ့အချိန်မှာ စစ်ကောင်စီဖက်က ပစ်လိုက်တာ ဘယ်ဖက်ပေါင် ကျိုးသွားတယ်။ ဆိုင်ကယ်မှောက်သွားတယ်။ ဒီမနက်မှ အလောင်းသွားပြန်ကောက်ရတယ်ပေါ့နော”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်သတ်သွားသူမှာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး အမျိုးသမီးနဲ့ အသက် ၃နှစ်အရွယ်ကလေးတစ်ဦး၊ ၂နှစ်အရွယ်ကလေးတစ်ဦး ကျန်ရှိတယ်လို့ သိရပါတယ်။

ဒီးမော့ဆို-ဖရူဆိုမြို့နယ် လမ်းမကြီးတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ကြောက်လန့်နေရပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here