ပြည်သူ့ရင်ခွင် ခိုလှုံလာမည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များတွက် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးထောက်ပံ့မှုများ တာဝန်ယူကြောင်း ယာယီသမ္မတ ကတိပြု

0
165

၇ စက်တင်ဘာ ၂၀၂၁

ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြမည့် တပ်မတော်သားများနှင် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအတွက် နေထိုင် စား သောက်ရေးနှင့် ကျန်းမာရေး ထောက်ပံ့မှုများကို တာဝန်ယူမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ကတိပြုပြောဆိုလိုက်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာမည့် ရဲဘော်တို့၏ မိသားစုအတွက် ခိုလှုံမည့် နေ ရာ အစားအသောက်နှင့် ကျန်းမာရေး ထောက်ပံ့မှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရကနေ လုံး၀တာဝန် ယူပါတယ်” ဟုပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလမှ အောက်တိုဘာလ ၆ ရက် (ယမန်နေ့) က ပြောကြားသည့် ပြည်သူ့ရင်ခွင် ခိုလှုံရေး တိုက်တွန်းချက်ထဲတွင် အဆိုပါ အချက်ကိုပါ ထည့်သွင်းပြောကြားထား ပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူရင်ခွင် ခိုလှုံရန် သက်ဆိုင်ရာ နေရာများသို့ အမြန် ဆုံး ဆက်သွယ်စာရင်းပေးကြရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် NUG အစိုးရမှ တည်ထောင်မည့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်တွင် ပါဝင်လိုပါက ဆက်လက် အမှုထမ်းနိုင်ပြီး ပင်စင်လစာ ခံစားခွင့်ကိုပါ စီစဉ်ပေးမည်ဟု NUG ယာယီ သမ္မတ က ဆိုသည်။

“ရဲဘော်တို့ရဲ့ နိုင်ငံအပေါ် ရိုးသားတဲ့ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ လုပ်သက်များကိုလည်း အသိအမှတ်ပြုပြီး အနာဂတ်တွင် ထူထောင်မယ့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်မှာ ဆက်လက်အမှုထမ်းလိုပါက အမှု ထမ်း ခွင့်ပြုပါမယ်။ ပင်စင်ယူလိုပါကလည်း ယူနိုင်အောင် စီစဉ်ပေးပါမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ အနေ နဲ့ ကတိပြုပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။

လက်ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များထဲတွင်လည်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုသော်လည်း အခြေအနေ အရ စစ်ကောင်စီ၏ လက်အောက်တွင် အမှုထမ်းနေရသည့် နိုင်ငံသားကောင်းများစွာ ရှိနေကြောင်းကို သိရှိရ သည့်အတွက် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်ဟု NUG က ဆိုသည်။

ထို့အပြင် ကိုယ်ကျိုးရှာ လူတစ်စု၏ အကျိုးကို သယ်ပိုးရာမှ တိုင်ပြည်အကျိုး သယ်ပိုးရန်အတွက် ပြည်သူ့ရင် ခွင်သို့ ခိုလှုံရန် ဆုံးဖြတ်ချက်ချခဲ့ကြသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ချီးကျူး ဂုဏ်ပြု ကြောင်းနှင့် နောက်ဝင်ရောက်ခိုလှုံလာကြမည့် သူများကိုလည်း NUG အစိုးရမှ ငြိမ်းချမ်းနွေးထွေးစွာ ကြိုဆိုနေ သည်ဟု ဆိုသည်။

ပြည်သူ့ရင်ခွင်လှုံ လာသူများအတွက် နေထိုင်စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အနာဂတ် အတွက် စိုးရိမ်ပူပန်မှု မရှိအောင် လိုအပ်သည်များကို ကူညီထောက်ပံ့မည် ဖြစ်သည့်အတွက် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံနိုင်သည့် သက်ဆိုင်ရာ နေရာများသို့ အမြန်ဆုံး ဆက်သွယ်စာရင်း ပေးကြရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလ က တိုက်တွန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here