ပူတာအိုဒေသသို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ကိုယ်စား ဒုဗိုလ်ချုပ်ကြီးတစ်ဦး ရောက်လာ

0
131

၅ စက်တင်ဘာ ၂၀၂၁

ကချင်ပြည်နယ် ပူတာအိုဒေသသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ရောက်လာခြင်း မရှိဘဲ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သာ ရောက်လာခဲ့သည်ဟု သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မနေ့က မွန်းလွဲ ၂ နာရီခန့် ပူတာအိုသို့ ရောက်လာခဲ့ပြီး နောင်မွန်နှင့် ခေါင်လန်ဖူးဒေသသို့ ရောက်ရှိနေကြောင်း နီးစပ်ရာ ပူတာအို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။

“စစ်ကောင်စီ ဥက္ကဋ္ဌ ရောက်မလာဘူး။ နယ်စပ်ရေးရာဝန်ကြီးသာ ရောက်လာတယ်။ အခု နောင်မွန်နဲ့ ခေါင်လန်ဖူး ဘက်ကို နေ့ချင်း ရောက်နေတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ပူတာအိုဒေသသို့ ယနေ့ အောက်တိုဘာ ၃ ရက်နေ့ ရောက်လာမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း မနေ့က နံနက်အစောပိုင်းက ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်ကို ပူတာအို PDF က တိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ခေါင်းဆောင် ရောက်လာပါက ပစ်ခတ်မှုပြုလုပ်သွားမည်ဟု PutaO PDF က လူမှုကွန်ယက် စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာလ ၁၈ ရက်နေ့ မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး ၁၉ ရက်နေ့တွင် ပူတာအိုသို့ သွားရောက်ရန်စီစဥ်ခဲ့သော်လည်း လုံခြုံရေးအရ ပြောဆိုကာ ခရီးစဉ် ပျက်ပယ် သွားခဲ့ခြင်း ဖြစ်သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here