“နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပြည်သူလူထုတွေ စစ်အုပ်ချုပ်မှုအောက်မှာ နေသားကျ လာပြီဆိုတဲ့ အမြင်ပုံစံမျိုးဖြစ်လာအောင် လုပ်ဆောင်နေတာဖြစ်တယ်” နော်ကညောဖော (ကရင်အမျိုးသမီး အစည်းအရုံး)

0
209

အာဏာသိမ်းစစ်ခေါင်းဆောင်၏ အိမ်စောင့်အစိုးရ အမည်ခံမှုနှင့် လားရာ

၃ ဩဂုတ် ၂၀၂၁
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့ စည်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ကရင်အရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံရေးသုံးသပ်အချို့၏ အမြင်များကို စုစည်း ဖော်ပြလိုက်ပါသည်။

စောကပိ (နိုင်ငံရေး လေ့လာသုံးသပ်သူ)

သူတို့ရဲ့ ရည်မှန်းချက်ကတော့ ရှင်းရှင်းလေးပါပဲ။ အစကတော့ သူတို့နာမည်ကို စစ်ကောင်စီလို့ခေါ်တဲ့ နိုင်ငံ တော်စီမံအုပ်ချုပ်မှုကောင်စီပေါ့နော်။ အဲဒါကို အများက အသိအမှတ်မပြုတဲ့အတွက် စစ်ကောင်စီလို့ပဲ အများက ခေါ်ဝေါ်ကြတယ်။ အဲဒါကြောင့် သူတို့အနေနဲ့ သူများ အသိအမှတ်ပြုလား၊ မပြုလားဆိုတာထက် သူတို့နာမည်က အစိုးရပါအောင် လုပ်လိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့် အိမ်စောင့်အစိုးရလို့ ထည့်သုံးလိုက်တာဖြစ်ပါတယ်။
နောက်တစ်ခုက သူတို့ အာဏာသိမ်းတာက ၆လ၊ တစ်နှစ်အတွက် အာဏာသိမ်းတာ မဟုတ်ပါဘူး။ နှစ်ပေါင်း များစွာ အာဏာရယူချင်တာ။ အခုက အနည်းဆုံး ၂၀၂၃ ဩဂုတ်လအထိလို့ ပြောတယ်။ သူ့ရဲ့ နံပါတ် ၁ ရည်ရွယ်ချက် ကတော့ သူတို့ကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုမှုရဖို့ပေါ့။ နံပါတ် ၂အချက်ကတော့ ၂၀၂၃ခုနှစ်၊ ဩဂုတ်လအ ထိ အာဏာရယူထားမယ်လို့ပြောတယ်။ ကျနော်ထင်တယ် ၂၀၂၃ အလွန်တောင်မှ သူတို့တွေအနေနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအတွက်ဖြစ်ဖြစ်၊ ရွေးကောက်ပွဲပြန်လုပ်ဖို့ဖြစ်ဖြစ် ဒါတွေကိုလုပ်ရင်တောင်မှ သူတို့ လိုလားတဲ့ ပုံစံမျိုးမဖြစ် ရင် ဒီဟာတွေက ဖြစ်လာမှာမဟုတ်ပါဘူး။
အချုပ်အားဖြင့်ပြောရင် သူတို့ရည်ရွယ်ချက်က နိုင်ငံ့အာဏာကို နှစ်ရှည်လာများ ရယူချင်တယ်။ တိုင်းသူပြည် သားတွေကပဲဖြစ်ဖြစ်၊ နိုင်ငံတကာကပဲဖြစ်ဖြစ်သူတို့ကို အသိမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူတို့ကို အစိုးရ တစ်ရပ်လို့ ခေါ်ဝေါ်သုံးစွဲစေချင်တာ ဖြစ်ပါတယ်။

နော်ကညောဖော (အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသမီးအစည်းအရုံး)

သူတို့က အာဏာကိုသိမ်းယူပြီး နိုင်ငံတကာအဖွဲ့အစည်းကြားထဲမှာလည်း လက်ခံအသိအမှတ်ပြုမှုမရှိတဲ့အ ပေါ်မှာ သူတို့ဖက်က အစိုးရအဖွဲ့အစည်းတစ်ခုအနေနဲ့ဖြစ်အောင် အမည်ပြောင်းလိုက်တာဖြစ်တယ်။ ယခုအချိန်မှာဆို ရင် သူတို့က တရားဝင်ကြေညာလိုက်ပြီ။ ဒီ NLD ပါတီအဖွဲ့တွေက ဆူပူမှုတွေပြုလုပ်တယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ ဖြေရှင်းသွားဖို့ လိုအပ်တဲ့အတွက်ကြောင့် အာဏာကို ဆက်လက်ဆုပ်ကိုင်ရအုံးမယ်ဆို တဲ့ ပုံစံမျိုးကိုလုပ်တာဖြစ်တယ်။ ဒီအပေါ်မှာမှ နိုင်ငံရေးအမြတ်ထုတ်တဲ့ သဘောဖြစ်တယ်။ ဒီလိုသူတို့ဖက်က လုပ်ဆောင်လာတာ အချိန်ကြာလာတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပြည်သူလူထုတွေ စစ်အုပ်ချုပ်မှုအောက် မှာ နေသားကျလာပြီဆိုတဲ့ အမြင်ပုံစံမျိုးဖြစ်လာအောင် လုပ်ဆောင်နေတာဖြစ်တယ်။ အုပ်ချုပ်မှုကို နှစ်ရှည်လာ အောင် လုပ်တာဖြစ်တယ်။
လာမယ့် (၂၀၂၃)နှစ်မှာလည်း ဒီဟာကြီးက ဒီပုံစံအတိုင်းပြီးသွားမှာ မဟုတ်ဘူး။ လိုအပ်သလို ထပ်ပြီးတိုးသွား ဖို့လည်း ရှိနိုင်တယ်။ သူတို့ရဲ့လုပ်ပုံ၊ လုပ်နည်းတွေက အသစ်အသစ်တွေ လုပ်သွားတာမဟုတ်ပါဘူး။ အရင်က အဟောင်းလုပ်ပုံလုပ်နည်းတွေပါပဲ။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့အဖွဲ့အစည်းတွေ ဒါကိုသတိ ထားဖို့လိုအပ်တယ်။ နားမယောင်ဖို့လည်း လိုအပ်ပါတယ်။ သူတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် ပေးထား တဲ့ ကတိကဝတ်တွေတစ်ခုမှ လုပ်ဆောင်ပေးတာမျိုး မရှိဘူး။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ဖို့ လိုအပ်ပါတယ်။

နော်ဝါးခူရှီး (ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်)

ယခုလက်ရှိအချိန်မှာတော့ သူတို့ဘက်မှာ အစိုးရတစ်ရပ်အနေနဲ့ လုပ်ဆောင်လို့မရသေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အုပ်ချုပ်ရေးအပိုင်းမှာရော၊ လူ့အအရင်းအမြစ်မှာရော၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ တော်တော် များများက CDM ဝင်လုပ်နေတယ်ဆိုတော့လေ။ နောက်တစ်ခုက PDF ပြုလုပ်နေတဲ့ လူငယ်တော်တော်များများ လည်း တိုင်းရင်း သားနယ်မြေထဲလာပြီး သင်တန်းတွေတက်ရောက်ကြတယ်။ ပြီးတော့ တော်လှန်မှုတွေ လုပ်ကြတယ်။ ဒီဟာတွေက နေရာတော်တော်များများမှာ ရှိပါတယ်။ နောက် အရေးကြီးတာတစ်ခုက ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ကပ်ရောဂါ ကြောင့် ဘာတစ်ခုမှ ကာကွယ်ထိန်းချုပ်မှု ပြုလုပ်နေတာ မတွေ့ရဘူး။ ယခုလက်ရှိမှာ အာဏာရတည်မြဲရေးအတွက် ပြုလုပ်နေတာကိုပဲ တွေ့မြင်ရတယ်။ သူတို့ရဲ့သဘောထားမှာတော့ စစ်မှန်တဲ့ ဖက်ဒရယ်၊ ဒီမိုကရေစီစနစ်အတိုင်းသွား ဖို့ မတွေ့ရဘူး။ လက်ရှိသူတို့လုပ်နေတာတွေက အာဏာတည်တံ့ရေးအတွက်ရယ်၊ လူတစ်စုတဖွဲ့ ကောင်းစားရေးအ တွက်ရယ်ကိုပဲ လုပ်နေတာပါ။ ပြည်သူလူထုတွေအရေးကိုကြည့်ပြီး လုပ်ဆောင်နေတာတွေကို မတွေ့ရဘူး။
လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေက အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့အချိန်မှာ တစ် ဖက်က လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေလည်း စုပေါင်းတွန်းလှန်မယ်ဆိုရင် အကြီးမားဆုံး အခွင့်အရေးတစ်ခုဖြစ် တယ်။ အားလုံးက တွန်းလှန်နေတဲ့အချိန်မှာ ကိုယ့်ဘက်ကသွားပြီး ပူးပေါင်းလုပ် ဆောင်မယ်ဆိုရင်တော့ သူတို့ကိုသွား ပြီး သက်ဆိုးရှည်စေပြီး လက်နက်ကိုင်တော်လှန်ရေး အတွက်လည်း ဘာအကျိုးမှမရှိပါဘူး။
KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here