ဗန်းမော်အထွက် ကျွဲ၊နွားစျေးအနီး အာဏာသိမ်းစစ်တပ် ကားနှစ်စီအား ဒေသခံ PDF နှင့် KIA ပူးပေါင်းတိုက်ခိုက်

0
232

၁၀ ဇူလိုင် ၂၀၂၁

ကသာမြို့မှ ဗန်းမော်မြို့ ဘက်သို့အထွက် ကားကြီးကွင်းဟုခေါ်ကြသည့် ကျွဲဈေး၊ နွားဈေး အနီးတွင် စစ်ကောင် စီတပ်မှ ကား ၂ စီးကို ဒေသခံ PDF တပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ (ယနေ့) ည ၆နာရီခွဲ အချိန်ခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှုများ နာရီဝက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်များသည် မြို့တွင်း ပြန်လည်ဆုတ်ခဲ့ရကြောင်း ကသာမြို့ အမှတ် ၉ ရပ်ကွက် တွင် နေထိုင်သူ အသက် ၅၀ကျော် အမျိုးသမီးတစ်ဦး က ပြောသည်။

“အုန်း၊ အုန်း ဆိုတဲ့အသံကြီးဆက်တိုက်ကြားရတယ်။ မီးခိုးလုံးတွေတက်လာလဲမြင်ရတယ်“ ဟု ၎င်းက ပြော သည်။

ကသာမြို့တွင် နေထိုင်သည်မှာ နှစ်ပေါင်း ၅၀ကျော်ခန့်ရှိပြီး ယခုကဲ့သို့သော ပေါက်ကွဲသံများ၊ သေနတ်သံများ၊ တိုက်ပွဲသံကို ပထမဆုံး ကြားဖူးခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။

ယခင်က PDF တပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာသည် ကာသာမြို့မှ ၁၀ ခန့်ဝေးသည့် မိုးဒါကြီး (မိုးတားကြီး)၊ မိုးဒါလေး တဝိုက်မှာသာဖြစ်ပြီး ယခု ကသာမြို့အနီးအထိ ကပ်ဖြစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲဖြစ်ပြီး အချိန် အနည်းငယ်အတွင်း စစ်ကောင်စီက လေယာဉ်ပျံနှစ်စီးပျံသန်းသွားသည်ကိုလည်း တွေ့ရကြောင်း ကသာမြို့ခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် မိုးဒါးကြီး(မိုးတားကြီး) ကျေးရွာ အရှေ့ဘက် ဆင်ကူးရွာ အနီး မိုးးပင်မြို့လမ်းဆုံနှင့် ရွှေကျောင်းကုန်း အနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက်ကြသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံ တစ်ဦး က ပြောသည်သည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က လည်း ရဲစခန်းအနီးရှိ ကသာမြို့ အထက်တန်းကျောင်း အမှတ် ၁ တွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့သည်။

PDF များရှိသည်ဟုဆိုကာ မိုးဒါးကြီး (မိုးတားကြီး) ကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီတပ် က ဇွန်လ ၃၁ ရက် က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။

စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ ကသာမြို့သည် KIA တပ်ဖွဲ့များ လှုပ်ရှားသည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူ မြို့နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တို့နှင့် နယ်မြေ ဆက် စပ်နေသည့် မြို့နယ် တစ်ခု ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here