ဟတ်ကြီးရေကာတာစီမံကိန်းအကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆိုခြင်းကိစ္စ စစ်ရေးဗျူဟာအရ ပြောဆိုခြင်းဖြစ်ကြောင်း ကရင်အရပ်ဖက်အဖွဲ့အစည်းအချို့ သုံးသပ်

0
270

၉ ဇွန် ၂၀၂၁

ပြည်သူများ တောက်လျှောက်ကန့်ကွက်နေသည့် သံလွင်မြစ်ပေါ်က ဟတ်ကြီးရေကာတာ စီမံကိန်း ဆောက်လုပ် သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုလာခြင်းသည် လျှပ်စစ်ဓါတ်အားရရှိနိုင်ရေးထက် စစ်ရေးဗျူဟာအရ တိုက်တွန်းပြောဆိုခြင်းသာ ဖြစ်နိုင်ကြောင်း ကရင်အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ကြုံနေရသည့် အခက်အခဲများထဲက ငွေရေးကြေးရေး အခက်အခဲ အပြင် နယ်မြေစိုးမိုးရေးအတွက် ယခုကဲ့သို့ တိုက်တွန်းနေရခြင်း ဖြစ်သည်ဟု ကရင်မြစ်ချောင်းများ စောင့်ကြည့် ရေးကွန်ရက် အဖွဲ့ (Karen River Watch) က ထောက်ပြသည်။

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက် အဖွဲ့ (Karen River Watch) က ပြောရေးဆို ခွင့်ရှိသူ စောသာ ဘိုး က “စစ်ရေး ဗျူဟာအရကလည်း သူတို့ ဒီနေရာကို ပြန်ပြီး လွှမ်းမိုးချင်တဲ့အတွက် ရေကာတာကို တွန်း တယ်။ ပြီးတော့ တစ်ဖက်မှာလည်း နိုင်ငံရေး အကျိုးအမြတ်ထုတ် ချင်တဲ့ ဒီရင်းနှီးမြုပ်နှံမှုတွေကို သူက နိုင်ငံ ရေးအရ ထိုင်းတို့ တရုတ်တို့ အကာအကွယ်ပေးမှု မျက်နှာရလိုမှုနဲ့ သူအဲဒါကို ဒီ ပရောဂျက်ကို သူတွန်းခြင်း ဖြစ် တယ်။ တတိယ တစ်ခုက သူရဲ့ ပိုက်ဆံလိုနေတယ်ပေါ့နော။ စစ်ကောင်စီမှာ ပိုက်ဆံလည်း မရှိတဲ့အခါကျတော့ ဒီပရောဂျက် အား ဖြင့် သူတို့တွေ ပိုက်ဆံရနိုင်တယ်။ မြိုးမြိုးမြတ်မြတ် ရနိုင်တဲ့ဟာမျိုးတွေရှိတယ်။ ဘာ ကြောင့်လဲဆိုတော့ အချို့ တွေက Contract တွေအပေါ်မှာ သူတို့ ပိုက်ဆံရနိုင်တယ်။ ဒါကြောင့် ဒီလိုရည်ရွယ် ချက်တွေနဲ့ လုပ်နေတယ်လို့ ယူဆတယ်” ဟု ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံးက ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်နေသည့်အတွက် ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်နေ ရ သည့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို ထိန်းချုပ်နိုင်ရေး နည်းမျိုးစုံ ကြိုး စားနေပြီး ငွေကြေးလိုအပ်ချက်များစွာရှိနေသည့်အတွက် တဖက်တစ်လှမ်းကနေ ငွေရရှိနိုင်ရေး ကြိုးစားနေခြင်း သာဖြစ်သည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ထို့ကြောင့် ကရင်ပြည်နယ် ဖွံ့ဖြိုးရေး၊ ဒေသအတွင်းရှိ ကရင်ပြည်သူများ လျှက်စစ်မီးရရှိရေးဆိုသည်မှာ မဖြစ် နိုင်ဘူးဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ် က ပြော သည်။

“ဒါသည် သဘော ရိုးအနေနဲ့ ဒါသည် ကရင်လူမျိုးတွေကို ကရင်ပြည်တစ်ခုလုံးကို မီးပေးမယ်၊ ကရင်တွေကို သူ တို့ကို မတော်လှန်အောင် မဆန့်ကျင်အောင် လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့များ လုပ်သလားဆိုတဲ့ ကျနော်တို့ က တော့ သုံးသပ်တာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိနေတယ်။ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာလည်း စစ်ကောင်စီအာဏာသိမ်းမှုကို သဘော မတွေ့တဲ့ ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတော်တော်များများတွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒီရေကာတာကို အခု လက်ရှိပြန်လည် အသက်သွင်းပြီးတော့မှ မီးပေးမယ်ဆိုတာ ဒါသည် သဘောရိုးနဲ့ ပြောတာ လုံးဝမဟုတ်နိုင် ဘူး။”

မေလ ၃၁ ရက်နေ့က ကရင်ပြည်နယ်ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ပြည်နယ် စစ် ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ဟတ်ကြီးရေကာတာကို ဆောက်လုပ်သင့်ကြောင်း ပြောဆိုခဲ့ ခြင်းအပေါ် ကရင်အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုလိုက်ခြင်း ဖြစ်သည်။

စောအဲလက်စ် က “ဒီဟာသည် ကောက်ကျစ် စဉ်းလဲတဲ့ နိုင်ငံရေး နောက်ကွယ်က ကစားကွက်တွေ အများကြီး ရှိနိုင်တဲ့အတွက် ကျနော် တို့ မင်းလောင်လှိုင် စစ်ကောင်စီကလုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သမိုင်းကိုကြည့် လိုက်ပါ တပ်မတော်က လုပ်တဲ့ စစ်အာဏာရှင်က လုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြည်သူလူထုကို အကျိုးရှိ စေတာ ဘယ်နှစ်ခု ရှိခဲ့ဖူးလဲ။ တစ်ခုမှ မရှိခဲ့ဘူး။ တဖက်လှည့်နဲ့ ကရင်လူမျိုးကို အချင်းချင်းကွဲပြဲအောင် လုပ်နိုင် တယ်။ ပြီးခဲ့တဲ့ နှစ်ရက်သုံး ရက်က ဒီကို လာပြီးမှ ဗိုလ်ချုပ် အောင်ဆန်းတံတားကို သံလွင်တံတားဆိုပြီးတော့မှ မွန်လူမျိုးတွေကို ပြန်ပြီးဖား တဲ့ ပုံစံမျိုးလို လို ဘာလိုလို ကျနော်တို့ တွေ့ရတယ်။ ဒါက ရုပ်ပြအပေါ်ယံလာပြီး လုပ်ပြတဲ့ သဘောပဲ ရှိတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် က “နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓါတ်အားရရှိမှု၊ ပို့ ဆောင် ရေး စနစ်ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်မှုနှင့် လူသားအရင်းအမြစ်ပေါကြွယ်ဝမှုများသည် အဓိက အရေးကြီးကြောင်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရးနှင့် ပတ်သက်၍ ပြည်နယ်၏ လျှပ်စစ်ဓါတ်အားလို အပ်ချက် ကို ဖြည့်ဆည်းပေးနိုင်မည့် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအရင်းမြစ်များရှိပြီးဖြစ်ကြောင်း၊ သံလွင် မြစ်ပေါ် တွင် တည်ဆောက်မည့် ဟက်ကြီးရေအားလျှပ်စစ်စက်ရုံမျိုးသည် ကရင်ပြည်နယ်ကို အထောက်အကူပြု မည် ဖြစ်သည့်အတွက် ဆောင်ရွက်သင့်ကြောင်း၊ အကြောင်းအမျိုးမျိုးပြ၍ ကန့်ကွက်နေသူများကို နားလည်စေလို ကြောင်း” ဘားအံခရီးစဉ်တွင် ပြောဆိုခဲ့သည်။

သို့သော် စစ်တပ်အနေဖြင့် သမိုင်းကြောင်းတစ်လျှောက်တွင်လည်း ပြည်သူလူထုအတွက် လုပ်ဆောင်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုသည်မှာ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ပြောဆိုခြင်းသည် စစ်ကောင်စီအတွက်သာဖြစ်သည်ဟု စောသာဘိုး က ဆက်ပြောသည်။

“ကျနော်တို့ ကရင်ပြည်နယ်ထဲမှာ ဆိုလို့ရှိရင် အရင်က သောက်ရေခပ်ရေကာတာ ဆိုတာရှိတယ်။ တောင်ငူခရိုင် တပ်မဟာ ၂ ဖက်မှာပေါ့နော။ သောက်ရေခပ် ရေကာတာရှိတယ်။ အဲဒီ အပစ်ခတ်မရပ်ခင်ပေါ့နော။ အဲဒီမှာ သူ တို့ ဆောက်တယ် ၂၀၁၀ နောက်ပိုင်း သူတို့ ရေကာတာလည်း ဆောက်ပြီးတာနဲ့ နောက်ပိုင်း ဘာဖြစ်သွားလဲ အဲဒီ တောင်ငူခရိုင်က ဧရိယာ တော်တော်များများက သောင်းနဲ့ ချီတဲ့ ဧကတွေက လွှမ်းသွားရော ရေမြုပ်သွားတဲ့ အခါကျတော့ အဲဒီနေရာကို ကျည်ဆန်တစ်ထောင့် လွတ်စရာမလိုပဲ အဲဒီနေရာကို ထိန်းချုပ်ပြီးသားဖြစ် သွား တာပေါ့။ ဒီတော့ ကျနော်ထင်တယ်။”

ရေအားလျှပ်စစ်စွမ်းအင် ၁၂၀၀ မီဂါဝပ်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးရေကာတာ စီမံ ကိန်းကို တည်ဆောက်ရန် စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ထိုင်း နိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့နှင့် တရုတ်နိုင်ငံကခ ဆိုင်နိုဟိုဒရိုကုမ္ပဏီတို့က ၂၀၀၆ခုနှစ်ခန့် တွင် သဘော တူညီ လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးမရရှိသေးခင်ကာလတွင် ကရင်ပြည်နယ်အတွင်းနှင့် ကရင်လူမျိုးများနေထိုင်သည့် ဒေသများတွင် အကြီးစား ရေကာတာ စီမံကိန်းများ မလုပ်ကိုင်ရန် ကရင်ပြည်သူများနှင့် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ က တောက်လျှောက်တောင်းဆိုထားသည်။

ဟတ်ကြီးရေကာတာအပါအဝင် သံလွင်မြစ်ပေါ်တွင် အကြီးစား ရေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်သည့် ရေ ကာတာစီမံကိန်း ၁၄ ခု တည်ဆောက်ဖို့ လျာထားကြောင်း၊ အဆိုပါစီမံကိန်းများမှ အနည်းဆုံး လျှပ်စစ်ဓါတ် အား မီဂါဝပ် ၁ သောင်းခွဲခန့် ထုတ်နိုင်ရန် ရည်ရွယ်ပြီး အစိုးရအဆက်ဆက် ကြိုးစားလာခဲ့သည်ဟု ကရင်မြစ်ချောင်း များကွန်ရက် (KRW) ရဲ့ ထုတ်ပြန်ချက်များ အရသိရသည်။

ကရင်မြစ်ချောင်းများကွန်ရက် (KRW) ၏ ယခင် ထုတ်ပြန်ချက်များအရ ဟတ်ကြီးရေကာတာ စီမံကိန်းတွင် ပါဝင် ပတ်သက်နေသည့် အိမ်နီးချင်းနိုင်ငံများမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများ ဖြစ်ကြသော်လည်း ယခု စစ်ကောင်စီက ပြန်လည်အကောင်အထည်ဖော်မည့် အခြေအနေတွင် မည်သည့်နိုင်ငံများ ပါဝင်ပတ်သက်မည်ကို မသိရသေးပေ။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here