ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ထန်တလန်မြို့ခံ လူငယ်များအား ငြိမ်းချမ်းနေထိုင်ကြဖို့ အာဏာသိမ်းစစ်ကောင်စီအရာရှိ တောင်းဆို

0
159

၂၄ မေ ၂၀၂၁

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် မေလ ၂၂ ရက်နေ့က ပစ်ခတ်ပေါက်ကွဲမှုအချို့ ဖြစ်ပွားခဲ့ပြီးနောက် ထန်တလန်မြို့တွင်အခြေစိုက်သည့် စစ်တပ်စခန်းမှ အရာရှိတစ်ဦးက မေလ ၂၃ ရက်နေ့တွင် ထန်တလန်နှစ်ချင်းအသင်းတော် ဝတ်ပြုအစည်းအဝေး ပြီးဆုံးသည့်အချိန်၌ လူငယ်များအား တွေ့ဆုံချင်သည်ဟုဆိုကာ ထန်တလန်မြို့တွင် ငြိမ်းငြိမ်းချမ်းချမ်းသာနေထိုင်ကြရန် ညှိနှိုင်းတောင်းဆိုခဲ့ကြောင်း သိရသည်။

“အရင်တုန်းကလည်း ကျနော်တို့ကို ပစ်ခဲ့ဖူးတယ်၊ မနေ့ကလည်း လာပစ်တာကြောင့် စိတ်ထဲမကောင်းဘူး၊ ကျနော်တို့အနေနဲ့က သေနတ်မသုံးဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ နေချင်တယ်၊ မြို့သူမြို့သားတွေအနေနဲ့ အေးအေးဆေးဆေးဘဲ နေကြပါ၊ ကားအဝင်/အထွက်ကိုလည်း ခွင့်ပြုပေးမယ်၊ ဆန်နှင့်စားသောက်ကုန်တင်တဲ့ကားတွေကိုလည်း မတားဘူး၊ ဖမ်းလည်းမဖမ်းဘူး၊ ထန်တလန်မြို့ကတော့ အေးအေးချမ်းချမ်းဘဲနေကြရအောင်” ဟု ထန်တလန် စကစစခန်းမှအရာရှိက ပြောဆိုခဲ့ကြောင်း The Chinland Post သတင်းစာဌာမှ ရေးသားထားသည်။

ထန်တလန်မြို့တွင် မေလ ၂၃ ရက်နေ့၊ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က စစ်တပ်စခန်းဘက်တွင် သေနတ်သံ ၁၅ ချက်ခန့်ကြားရပြီး ဗုံးသံ ၂ ချက်လည်းကြားခဲ့ရကြောင်း သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here