ကလေးမြို့နယ် စည်သာရွာတွင် ပေါက်ကွဲမှုဖြစ်ပွား၊ အာဏာသိမ်းစစ်တပ် သေနတ်ပစ်ဖောက်ခြိမ်းခြောက်

0
184

သရုပ်ဖော်ပုံသာ ဖြစ်သည်။
၂၁ မေ ၂၀၂၁

ကလေးမြို့နယ်တောင်ပိုင်း စည်သာရွာဘက်တွင် ယနေ့မနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့ယာဉ်တန်းမှ သေနတ်များ မိုးပေါ်ထောင်ကာပစ်ဖောက်ခဲ့ကြောင်း စည်သာကျေးရွာဒေသခံတစ်ဦးကပြောသည်။

“ဘယ်ကဗုံးလဲတော့မသိဘူး ပေါက်ကွဲတယ် ပေါက်ကွဲတော့ မနေ့ ည ဟံသာဝတီမှာ ညအိပ်တဲ့ စစ်ကောင်စီအဖွဲ့တွေက လာပြီး စည်သာမြို့ထဲတွေမှာ သူတို့က သေနတ်တွေ မိုးပေါ်ထောင်ပစ်ခြမ်းခြောက်နေကြတယ်” ဟုစည်သာကျေးရွာဒေသခံတစ်ဦးကပြောသည်။

အဆိုပါ အာဏာသိမ်းစစ်ကောင်စီမှ သေနတ်များ မိုးပေါ်ထောင်ပစ်ဖောက်ခြမ်းခြောက်မှုကြောင့် သေနတ်ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သူကဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့တို့သည် လက်ရှိချိန် စည်သာကျေးရွာမှထွက်ခွက်လာပြီး ကလေးမြို့အတွင်းဗိုလ်ချုပ်လမ်းမှ အနောက်ဘက် ချင်းပြည်နယ်ဘက်သို့ အင်အားများစွာဖြင့် ထွက်ခွာသွားကြောင်းသိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here